တွေးမှမတွေးမိခဲ့ပဲ
တွေးမှမတွေးမိခဲ့ပဲ
ကြုံဆုံလာခဲ့မိတဲ့ မျက်ဝန်းလှတွေကြား
တရှိုက်မက်မက် ကြည့်မိတဲ့
ဒီမျက်ဝန်းတွေကြောင့် တပိုးတနင့်
ခံစားရမယ်လို့ တွေးမှမတွေးမိခဲ့ပဲ။
မပြုံးပါနဲ့ မိငယ်ရယ်
မိငယ်အပြုံးတွေကို ငေးမောမိရင်
ငါ့နှလုံးသား ခဏရပ်တန့်လောက်အောင်
ခံစားရလိမ့်မယ်လို့ တွေးမှမတွေးမိခဲ့ပဲ။
ရယ်သံမောသံ စကားသံ
မိငယ်နှုတ်ခမ်းဖျားက သံစဉ်တွေကို
နှလုံးသားက နရီစည်းချက်ကျ
ခံစားတတ်လိမ့်မယ်လို့ တွေးမှမတွေးမိခဲ့ပဲ။
မိငယ်အနား နီးကပ်လာရင်
ဦးနှောက်က ဆင်ခြင်ဉာဏ်ကင်းမဲ့လို့
နှလုံးသားအလိုကို ထိမ်းချုပ်မရအောင်
ခံစားရလိမ့်မယ်လို့ တွေးမှမတွေးမိခဲ့ပဲ။
ဆိမ့်ဆိမ့်လေးချိုတဲ့ လက်ဖက်ရည်ချိုက
လျှာဖျားမှာ ပိုမျက်သည့်ပမာ
တစိမ့်စိမ့်လေး ၀င်လာတဲ့
အချစ်က ရင်မှာပိုခံစားရသည့်မို့လို့
ထိရှရင်က နင့်နေတော့တာပဲ။
လူ့စည်း၊ ဘီလူးစည်းဆိုလားပဲ
လောကကျင့်ဝတ် တားမြစ်ချက်တွေကများ
ဘီလူးတစ်ကောင်ပဲ ဖြစ်ချင်မိတော့တယ်
ဒဿဂီရီလို ရှုံးချင်ရှုံးပါစေတော့
ရူးမိုက်ချင်တဲ့ စိတ်က
ထိန်းလို့မှမရခဲ့ပဲ ကဲ….
ချစ်မိပြီ ချစ်ခဲ့မိပြီဆိုမှတော့
လွမ်းရဲ ကွဲရဲရတော့မယ်ပေါ့။
အခုလို ပြတ်သားရတော့မယ့် အချိန်မှာ
ပြန်ဆုံချင်တဲ့ မျှော်လင့်ချက်တွေက
ဆူးညှောင့်ပမာ ခုလုခုလုနဲ့မို့
သွေးစို့နာကျင်နေတဲ့ နှလုံးသား
ငါ ပြန်သနားကာ ငုံကြည့်ရင်း
ခပ်ဖွဖွလေး ရေရွတ်မိတယ်။
“တရွေ့ရွေ့ဝေးကွာသွားတဲ့
တို့နှစ်ယောက်အတွက်
ကဗျာတစ်ပုဒ် တေးတစ်ပုဒ်
ဖွဲ့ဆိုချင်မိတာ
ငါ့ချစ်ခြင်းမေတ္တာ ဆိုရင်
တေးကဗျာတစ်ပုဒ်ဆုံးတိုင်း
မင်းရင်ထဲမှာ သတိရစေချင်တာ
ငါဆိုတဲ့ သူငယ်ချင်းတစ်ယောက်ပါ”။
Comment #2
[ရူးမိုက်ချင်တဲ့ စိတ်က
ထိန်းလို့မှမရခဲ့ပဲ ကဲ….
ချစ်မိပြီ ချစ်ခဲ့မိပြီဆိုမှတော့
လွမ်းရဲ ကွဲရဲရတော့မယ်ပေါ့။]
………………. ထိတယ်ဗျာ ………

Comment #3
heart hti twar p.

Comment #4
အားပေးသွားတယ်ဗျ….

Comment #5
so so nice

Comment #1
လူ့စည်း၊ ဘီလူးစည်းဆိုလားပဲ
လောကကျင့်ဝတ် တားမြစ်ချက်တွေကများ
ဘီလူးတစ်ကောင်ပဲ ဖြစ်ချင်မိတော့တယ်
ဒဿဂီရီလို ရှုံးချင်ရှုံးပါစေတော့
ရူးမိုက်ချင်တဲ့ စိတ်က
ထိန်းလို့မှမရခဲ့ပဲ ကဲ….
ချစ်မိပြီ ချစ်ခဲ့မိပြီဆိုမှတော့
လွမ်းရဲ ကွဲရဲရတော့မယ်ပေါ့။