ကျောင်းပြေးတစ်ယောက်ရဲ့နောင်တ….
လက်ဖက်ရည်တစ်ခွက်
သုံးယောက်မျှသောက်တဲ့ငါတို့
ညနေစာ ငတ်ခဲ့ပေါင်းများပြီ……..
သီချင်းဆိုတိုင်း…
key မ၀င်တဲ့ငါတို့
စာသားတွေမှားခဲ့ပေါင်းများပြီ…….
လှတာမြင်ရင်
ချစ်ချင်တဲ့ငါတို့
အသည်းတွေကွဲခဲ့ပေါင်းများပြီ……..
မွန်းကြပ်လာတိုင်း
လွတ်လပ်ချင်မိတဲ့ငါတို့
စည်းကမ်းမဲ့ခဲ့ပေါင်းလဲများပြီ……..
စာမေးပွဲတိုင်း…
အောင်မှတ်နားမရောက်တဲ့ငါတို့
အထင်သေးခံရပေါင်းများပြီ……….
လူဆုံတိုင်း
ကျောင်းလစ်ခဲ့ကြတဲ့ငါတို့
အိမ်ကိုတိုင်စာရောက်ပေါင်းလဲများပြီ…..
တစ်ခုခုတော့လွဲနေပြီ
အဆီးအတားတွေကိုမုန်းတဲ့ငါတို့
စည်းကမ်းတော့ထားရမယ်
လွပ်လပ်မှုကိုချစ်တဲ့ငါတို့
ထိန်းချုပ်မှုတွေထားသင့်တယ်…
နောင်တချိန်မှာ
ထမင်းနပ်မှန်ဖို့
ငါတို့ကြိုးစားကြရမယ်….
သူငယ်ချင်း….
ကျောင်းပြန်တက်ကြစို့ကွာ……….။ ။
P.S.ကျွန်တော်တို့ကျောင်းလစ်တုန်းက ဖြစ်ရပ်မှန်လေးပါ….
Comment #2
ကျောင်းတက်ရတဲ့ ဘ၀လေးက
တကယ်ကိုပျော်စရာ။
ကြိုက်တယ်။
Comment #5
i regret that i didn’t meet that good lessons.
really really happy naw.
if i were a fri of u at that time,i’d get this chance,
so interesting n exciting,
Comment #9
ကျောင်းပြေးဖူးတဲ့သူတစ်ယောက်မို့ ကဗျာလေးဝင်ဖတ်ဖြစ်သွားတယ်ဗျာ တကယ်ကောင်းတဲ့ကဗျာလေးဘဲ ။
Comment #10
ကျောင်းပြေးလို့ မနှစ်ကကျပြီးသွားပါပြီခင်ဗျာ…
တစ်နှစ်လုံးတစ်ရက်မှမတတ်ဘူး 😀
နောင်တချိန်မှာ
ထမင်းနပ်မှန်ဖို့
ငါတို့ကြိုးစားကြရမယ်….
သူငယ်ချင်း….
ကျောင်းပြန်တက်ကြစို့ကွာ……….။ ။
Comment #11
အင်း
ကျောင်းမြန်မြန်ပြီးအောင်တက်ပါ
ဒါမှ ငြိမ်းမှာ ဟိ
Comment #1
ကျောင်းတော်ကြီးကိုတောင်လွမ်းသွားတယ်ကိုလွမ်းနောင်ရာ … 🙂