နှင်းဆီနက် – နရီထက်
တော်ဝင် မှာထက်…
မျက်နှာပန်း မလှတာ များတယ်
အဆိပ်မလူးပေမဲ့…
သိမ့်မွေ့နေတတ်ခဲ့တယ်
အရိုင်းမဟုတ်ပေမဲ့…
ညို့အားကောင်းအောင်တော့ လေ့ကျင့်ယူတယ်
အရောင်မစိုပေမဲ့…
မာယာမများတတ်ဘူး
ဒါပေမဲ့…
နှင်းဆီမှန်း သေချာအောင်တော့
ကျိန်ပြ၀ံ့တယ်…
ဆူးတွေနဲ့ မဟုတ်လား…
မှော်ဝင်အက္ခရာတွေနှင့် စီချယ်မထားတော့
ငြိမ်သက်ရတဲ့ နက္ခတ်တွေများတယ်
လရောင်ဆမ်းချင်ပေမဲ့…
နေ့အခါမှာ သတ္တိတွေ ထူးနေသလိုပဲ…
ဟန်ဆောင်ခြင်း ကင်းမဲ့အောင်လို့
ဝတ်ချပ်တွေက ပြုံးတတ်တယ် သိလား…
ငြိမ်သက်နေခြင်းက…
အားကောင်းဖြိုခွင်းတဲ့လား..
ဒါဆိုရင်…
တော်ဝင် ဖြစ်ဖို့ …
အရိုင်းပန်းတစ်ပွင့်…
မဖြစ်တန်ကောင်းပါရဲ့……။ ။
နရီထက်
( ၁၈ ၊ သြဂုတ်လ ၊ ၂၀၁၁ )
Comment #2
အလွန်ကောင်းပါ၏.
Comment #3
ငြိမ်သက်နေခြင်းက…
အားကောင်းဖြိုခွင်းတဲ့လား..
ဒါဆိုရင်…
တော်ဝင် ဖြစ်ဖို့ …
အရိုင်းပန်းတစ်ပွင့်…
မဖြစ်တန်ကောင်းပါရဲ့……
အရမ်းကိုကောင်းတယ်အကိုကြီး….
Comment #5
အခု ကဗျာက အရေးအသားတွေ မိုက်တယ် ။ အဲ့ ထဲက ဒိအပှဒ်လေးတွေ ထဲက ကို ကြိုက်တယ်နှင်းဆီမှန်း သေချာအောင်တော့
ကျိန်ပြ၀ံ့တယ်…
ဆူးတွေနဲ့ မဟုတ်လား…
မှော်ဝင်အက္ခရာတွေနှင့် စီချယ်မထားတော့
ငြိမ်သက်ရတဲ့ နက္ခတ်တွေများတယ်
လရောင်ဆမ်းချင်ပေမဲ့…
နေ့အခါမှာ သတ္တိတွေ ထူးနေသလိုပဲ…
ဟန်ဆောင်ခြင်း ကင်းမဲ့အောင်လို့
ဝတ်ချပ်တွေက ပြုံးတတ်တယ် သိလား…
ငြိမ်သက်နေခြင်းက…
အားကောင်းဖြိုခွင်းတဲ့လား..
ဒါဆိုရင်…
တော်ဝင် ဖြစ်ဖို့ …
အရိုင်းပန်းတစ်ပွင့်…
မဖြစ်တန်ကောင်းပါရဲ့……။ ။ အားပေးနေမယ်
Comment #6
သည်ကဗျာသည် 2011 စက်တင်ဘာလထုတ် လင်းယုန်ဂျာနယ်(မလေးရှား) တွင် ဖော်ပြခြင်းခံခဲ့ရသည်။
Comment #1
အားပေးသွားပါတယ် ကိုနရီထက်