နင်… ယုံရဲ့လား
နင် ယုံရဲ့လား
ပေါ့ပျက်ပျက် ရမ်သွမ်းသွေး
လောကကြီးကို အရေးမထားတဲ့
ငါ့ ရင်ထဲမှာ
မင်းအတွက် လေးနက်ခြင်းတွေရှိတယ်။
နင် သိရဲ့လား
မထီမဲ့မြင်နဲ့
လောကကြီးအတွက် ကဗျာမဆန်တဲ့
ငါ့ ရင်ထဲမှာ
နင့် အတွက် ဂီတသံစဉ်တွေ ရှိနေတယ်။
နင် ထင်ရဲ့လား
ပြုံးစပ်စပ် မျက်နှာပေးနဲ့
ငါ့ ရဲ့ရင်ထဲမှာ
နင့် အတွက် လွမ်းဆွတ်ခြင်းတွေရှိတယ်။
နင် မြင်ရဲ့လား
မချစ်တတ်ဘူး နင်ထင်ထားတဲ့
ငါ့ ရဲ့ရင်ထဲမှာ
နင့်အတွက် ချစ်ခြင်းအပြည့်ရှိတယ်။
နင် သိထားပါ
လွတ်လပ်ပွင့်လင်း ဟန်ဆောင်ကင်းတဲ့
ငါ့ ရဲ့ရင်ထဲမှာ
မာနတရားတွေ ရှိနေတယ်ဆိုတာ…။
+++++
သဇင်
မေ ၃၁၊ အင်္ဂါနေ့ 
Comment #4
hote.
yone par de.
Comment #5
နင် ထင်ရဲ့လား
ပြုံးစပ်စပ် မျက်နှာပေးနဲ့
ငါ့ ရဲ့ရင်ထဲမှာ
နင့် အတွက် လွမ်းဆွတ်ခြင်းတွေရှိတယ်။
မသဇင်အားပေးသွားပါတယ်။
Comment #6
နင် သိရဲ့လား
မထီမဲ့မြင်နဲ့
လောကကြီးအတွက် ကဗျာမဆန်တဲ့
ငါ့ ရင်ထဲမှာ
နင့် အတွက် ဂီတသံစဉ်တွေ ရှိနေတယ်။
နင် ထင်ရဲ့လား
ပြုံးစပ်စပ် မျက်နှာပေးနဲ့
ငါ့ ရဲ့ရင်ထဲမှာ
နင့် အတွက် လွမ်းဆွတ်ခြင်းတွေရှိတယ်။
အားပေးသွားပါတယ်
Comment #9
ပြုံးစပ်စပ် မျက်နှာပေးနဲ့ ငါ့ရဲ့ရင်ထဲမှာ နင့်အတွက်လွမ်းဆွတ်ခြင်းတွေ ရှိတယ်။ ။
Comment #10
အရမ်းမိုက်တရ်…..ဒါဘဲထိုင်ဖတ်နေတာ…..ဘရ်နှခါဖတ်ဖတ်မရိုးသွားဘူး
Comment #12
မိုက်တယ်ဗျ ကဗျာလေးက ကောင်းတယ်
Comment #13
really really nice.
so much like,
Comment #14
Khou chin sar kyi pay par.
:'(
:'(
Comment #1
လောကကြီးအတွက် ကဗျာမဆန်တဲ့
ငါ့ ရင်ထဲမှာ
နင့် အတွက် ဂီတသံစဉ်တွေ ရှိနေတယ်။