တကယ်လို့များ… ဒါပေမယ့်…
တကယ်လို့များ…
ငါဟာပန်းချီကားတစ်ချပ်ဆိုရင်
ရေးဆွဲသူကမင်းပဲဖြစ်ရမယ်
ဒါပေမယ့်….
စုတ်ချက်တွေတော့ သိပ်မကြမ်းစေနဲ့………
တကယ်လို့များ…
ငါဟာ ရုပ်သေးတစ်ရုပ်ဆိုရင်
ကြိုးဆွဲသူကမင်းပဲဖြစ်ရမယ်
ဒါပေမယ့်…
အလွမ်းခန်းတွေတော့ မက ခိုင်းနဲ့………
တကယ်လို့များ…
ငါဟာ တိမ်တိုက်တွေဆိုရင်
လေညှင်းလေးက မင်းပဲဖြစ်ရမယ်
ဒါပေမယ့်…
မုန်တိုင်းတော့မထန်စေနဲ့……..
တကယ်လို့များ….
မင်းဟာ အဆိပ်တစ်ခွက်ဆိုရင်
သောက်သုံးသူက ငါပဲဖြစ်ရမယ်…
ဒါပေမယ့်…
ငါ့နှလုံးသားလေးတော့ မပျက်စီးစေနဲ့…
အဲဒီအထဲမှာ…..
မင်းအတွက် အချစ်တွေရှိနေတယ်….
ပျက်စီးအောင်တော့မလုပ်နဲ့……….။ ။
Comment #3
မင်းဟာ အဆိပ်တစ်ခွက်ဆိုရင်
သောက်သုံးသူက ငါပဲဖြစ်ရမယ်…
ဒါပေမယ့်…
ငါ့နှလုံးသားလေးတော့ မပျက်စီးစေနဲ့…
အဲဒီအထဲမှာ…..
မင်းအတွက် အချစ်တွေရှိနေတယ်….
ပျက်စီးအောင်တော့မလုပ်နဲ့……….။ ။
သုံးထားတဲ့စာလုံးလေးတွေအရမ်းမိုက်တယ်ဗျာအားပေးနေတယ်
ကိုလွမ်းနောင်။
Comment #4
great.
Comment #5
wow……….
wow…;;;;;;;;;;;;
so much good that so much like.
Comment #6
read again & again.
Comment #7
ဘာမှမဟုတ်တဲ့လူတစ်အတွက်နဲ့ကိုယ့်ဘ၀ကို မ၇က်စက်ပါနဲ့
Comment #8
Ayan like tae byar
Comment #1
တကယ်လို့များ….
မင်းဟာ အဆိပ်တစ်ခွက်ဆိုရင်
သောက်သုံးသူက ငါပဲဖြစ်ရမယ်…