ဒါလည်းလွမ်းတာပဲ … ( ZMMC )
ချိုကြည်တဲ့ .. ချစ်သူရဲ့ စကား
ကိုယ့်နားထဲ .. ကြားလို့မဝဘူး ။
အေးမြတဲ့ .. ချစ်သူရဲ့အပြုံး
ကိုယ့်မျက်လုံးထဲ .. မြင်ယောင်ဆဲ ။
အိမ်မက်ထဲမှာ .. ထပ်တွေ့ချင်ပေမဲ့
အိပ်ပျော်အောင်မနည်းကြိုးစားနေရတဲ့
ဒီညဟာ ………
ချစ်သူ ကခုန်နှိုင်ဖို့ .. နှိုးထနေဆဲပါ ။
မခေါ်ပဲရောက်လာတဲ့ ဒြပ်မဲ့တဲ့အလွမ်းတွေလေ
ချစ်သူဖန်ဆင်းပေးခဲ့တာပေါ့ ။
ယုံပါ … ချစ်သူရယ်
ကိုယ်ဟာ … ချစ်အတွက်နဲ့
မိုးစက်တွေကျနေတဲ့ .. ဒီလိုညမျိုးမှာတောင်
မအေးမြနှိုင်အောင်ပဲ
ကို့ရင်မှာလေ .. ပူလောင်ပြင်းပြ
သတိရနေတယ်ဆိုတာ .. ။
ချစ်သူကိုသတိရတဲ့စိတ် .. အဆိပ်တက်သလို
နှိပ်စက်လိုက်တာလေ …
အလွမ်းတွေပြိုဆင်း
တမ်းတခြင်းကိုမြိုသိပ်လို့
ကို .. ဘယ်လိုအိပ်စက်မလဲ .. ချစ်ရတဲ့သူရယ်။
Comment #2
ကိုလူဆိုးရေ…….အိပ်ပျော်အောင်အိပ်ပါ.ပြန်လာရင်တွေ့ဖိုအားမွေးရမယ်…. 😀
Comment #3
အိပ်မပျော်ရင် အိပ်ဆေးနည်းနည်း ( အလုံး ၁၀၀ လောက် ) သောက်ပြီးအိပ်လိုက်ပါ အဲဒါဆိုရင်တော့ လူဆိုး တော်တော်လေးအေးချမ်းသွားမှာပါ ( just kidding ) ကဗျာလေး ကောင်းပါတယ် အားပေးသွားတယ်ဗျာ ။
Comment #5
အိပ်မပျော်ရင်….လူဆိုးရေ…
မအိပ်နဲ့တော့.ကျွန်တော့်ဆီလာခဲ့…….စကားပြောကြမယ်…
Comment #9
အိုကေ….အိုကေ…
လူဆိုး…gtalkအကောင့်..ထားခဲ့လိုက်..လူဆိုး
Comment #11
me too.
thz so much for this poem.
Comment #13
dar le lwan tar pe…
ho lo le lwan tar pe…
d lo le lwan tar pe…
be lo nay nay lwan tar pe….
eeeeeeeeeeeeeeeeeeeeeeeeeeeeeeeee
Comment #1
ကိုယ်ဟာ … ချစ်အတွက်နဲ့
မိုးစက်တွေကျနေတဲ့ .. ဒီလိုညမျိုးမှာတောင်
မအေးမြနှိုင်အောင်ပဲ
ကို့ရင်မှာလေ .. ပူလောင်ပြင်းပြ
သတိရနေတယ်ဆိုတာ .. ။
ချစ်သူကိုသတိရတဲ့စိတ် .. အဆိပ်တက်သလို
နှိပ်စက်လိုက်တာလေ …
အလွမ်းတွေပြိုဆင်း
တမ်းတခြင်းကိုမြိုသိပ်လို့
ကို .. ဘယ်လိုအိပ်စက်မလဲ .. ချစ်ရတဲ့သူရယ်။