မွေးဖွားခြင်း
သီချင်းဟောင်းတွေထဲကလို ဘူတာရုံအိုလေးမှာပဲ……..
သူမကိုခွဲခွါခဲ့ပါတယ်…..
ပုံပြင်ဟောင်းတွေထဲမှာလိုပဲ………..
သူမက လက်ပြနှုတ်ဆက်ကျန်ခဲ့တယ်……………
ရုပ်ရှင်ဟောင်းတွေထဲမှာလို ရထားအိုကြီးတစ်စင်းက…..
ငါ့ ကိုသယ်ဆောင်သွားတယ်………
ငါ့ ရင်ထဲက ချစ်သူဟောင်းလေး…မြို့ဟောင်းလေးထဲမှာ ကျန်ခဲ့တယ်………..
နေ့သစ်တွေစတင်ခဲ့တယ်……….
ငါ မလုပ်ဖူးတဲ့အလုပ်သစ်တွေရခဲ့တယ်…….
ငါ မမြင်ဖူးတဲ့ စက္ကူအသစ်တွေရလာတယ်………
ဒါပေမယ့်လေ……..
ငါ နှလုံးသားဟောင်းက သီချင်းဟောင်းလေးကို ဆက်ညည်းတယ်…..
ငါ့ မျက်လုံးတွေက မြို့ဟောင်းလေးကိုပဲ အိမ်မက်တွေဆက်မယ်တယ်………\”
ချစ်သူဟောင်းလေးရေ………….
ဘူတာရုံဟောင်းလေးမှာ ငါ့ ကိုကြိုနေပါကွယ်….
ငါ့ ရင်ထဲက ခံစားချက် အဟောင်းလေးတွေနဲ့
ငါတို့ရဲ့ အချစ်သစ်တွေ စိုက်ပျိုးကြရအောင်………..။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service