အပြုံးတစ်ပွင့်ရဲ့ လမ်းဟောင်း
ရောင်နီရဲ့ပျို့အန်ခြင်းကို
ဗန်ဂိုးရဲ့စုတ်ချက်နဲ့
စားသုံးမယ်..
မင်းရဲ့အပြစ်ကင်းတဲ့
အပြုံးကလေးကို
နှလုံးသားနဲ့
စားသုံးမယ်..
ရထားတစ်စင်းရဲ့
ရင်ခုန်သံလို
ကာရန်မညီပေမဲ့
လမင်းရဲ့အထီးကျန်မှုနဲ့
နေရောင်ကိုငေးကြည့်ခွင့်
ကောင်းကင်ရဲ့
အပြာရောင်လွင်ပြင်ကို
ငေးမောခွင့်လေးတောင်
မရနိုင်တော့ပါလား….
Comment #2
poor u.
nice poem.
By: ei lay at Aug 20, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားပါတယ်ခင်ဗျာ … 🙂