တိုးတိုးလေးပဲ လွမ်းပါရစေ
အိပ်ပျော်နေတဲ့ နှလုံးသားအပါး
ခြေသံပြင်းပြင်းနဲ့ ဖြတ်လျှောက်သွားပြီးမှ…
ပြန်ချော့သိပ်ဖို့ မကြိုးစားနဲ့…..
တချိန်တုန်းက ငါ့မာနတွေဆိုတာ
မီးထွန်းပြီးပြန်ရှာနေရတယ်
မယုံမရှိနဲ့….
ငါဆိုတာ မင်းတောင်းဆိုလာရင်
လူပုံအလယ်တောင် ဒူးထောက်ပြမယ့်ကောင်….
ရူးတာတော့မဟုတ်ဘူး
အသိစိတ်တွေခဏမဲ့သွားတာ
ခရီးသွားဟန်လွှဲ အကြည့်တစ်ချက်က
သိမ်းကြုံးဖျက်စီးလိုက်တာ…
ပတ်ဝန်းကျင်ဆိုတာကိုတောင်
မေ့သွားနိုင်လောက်တဲ့အထိပဲ……..
ကျေးဇူးပြုပြီး
မကြည့်နဲ့ မရယ်နဲ့ မပြုံးနဲ့…
ရင်ခုန်မြန်ပြီး ငါသေလိမ့်မယ်…
ဆံနွယ်တစ်ချက်လေမှာလွင့်သွားရုံနဲ့
ငါ့ရင်ထဲမုန်တိုင်းထန်ခဲ့တာ….
ပြောပြခွင့်မရတဲ့ စကားလုံးတွေအသိဆုံး….
မင်းခြေလှမ်းတိုင်းနဲ့ ငါ့ရင်ခုန်သံ
တိုက်ရိုက်အချိုးသက်ရောက်ခဲ့တော့
ဘယ်မှမသွားနဲ့တော့
ငါ့နှလုံးသားထဲမှာနေ….
တိုးတိုးလေးပဲ ငါလွမ်းမယ်
တိတ်တိတ်လေးငါချစ်မယ်
အိပ်ပျော်နေတဲ့မင်းနှလုံးသား
လန့်နိုးသွားခဲ့ရင်
ငါ့လိုဒုက္ခတွေ မင်းခံစားနေရလိမ့်မယ်…
တကယ်ပါ…
ခုချိန်ထိ ငါ..မင်း..ကို
တိုးတိုးလေး လွမ်းနေတုန်းပဲ…………။ ။
Comment #2
လန့်နိုးသွားခဲ့ရင်
ငါ့လိုဒုက္ခတွေ မင်းခံစားနေရလိမ့်မယ်…
တကယ်ပါ…
ခုချိန်ထိ ငါ..မင်း..ကို
တိုးတိုးလေး လွမ်းနေတုန်းပဲ…………။
ကြိုက်တယ်…..အဲ့စာသားလေးအကြိုက်ဆုံးပဲ
Comment #3
အစ်ကိုကောင်းတယ်ဗျာ
တော်တော်လေးထိတယ်………
ကိုလွမ်းနောင် အားပေးနေပါတယ်
Comment #4
တချိန်တုန်းက ငါ့မာနတွေဆိုတာ
မီးထွန်းပြီးပြန်ရှာနေရတယ်
မယုံမရှိနဲ့….
ကြိုက်တယ်ဗျာ…ကိုလွမ်းနောင်။
Comment #5
toe toe lay pe lwan…..
toe toe lay pe chit….
toe toe lay pe u……
toe toe lay pe sate kauk…..
toe toe lay pe ta win to…..
toe toe lay pe sate nyit….
taw p…taw p….
“toe toe” tway myar nay p kwar.
da khar da lay kye kye loak kyi par lar?
he..he..
Comment #6
မင်းခြေလှမ်းတိုင်းနဲ့ ငါ့ရင်ခုန်သံ
တိုက်ရိုက်အချိုးသက်ရောက်ခဲ့တော့
ဘယ်မှမသွားနဲ့တော့
ငါ့နှလုံးသားထဲမှာနေ….
တိုးတိုးလေးပဲ ငါလွမ်းမယ်
……….
အားပေးသွားတယ်
Comment #1
မကြည့်နဲ့ မရယ်နဲ့ မပြုံးနဲ့…
ရင်ခုန်မြန်ပြီး ငါသေလိမ့်မယ်
ကိုလွမ်းနောင် ကဗျာတွေကို ကြိုက်တယ် ဗျာ