ဇာတ်ညွှန်းပျောက်သွားတဲ့ကပွဲ (terry)
ဆောင်းလိုလဲ ခမ်းခဲ့တယ်..
နွေလိုလဲ လွမ်းခဲ့တယ်…
ရာသီတစ်ခုထဲမှာပဲ
နှစ်ခါဖူးခဲ့တဲ့ကောင်….
လမ်းတွေက
လွမ်းလောက်အောင်…“ပူ”တယ်။
တစ်ယောက်ထဲကျန်ချင်တဲ့
အောင်မြင်မှု့နဲ့ ………..
တစ်ယောက်တည်းကျန်ခဲ့တဲ့
အထီးကျန်ခြင်းကို
စာအိပ်ထဲထည့်ပြီး ဇစ်ပိတ်လိုက်တယ်။
ကဲ…အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။
တွေ့ဖူးတဲ့သူတွေကိုလည်းမပြောပါနဲ့..
မတွေ့ဖူးတဲ့သူတွေကိုလည်းမပြောပါနဲ့..
ငါစီးမယ့်ဒီဇင်ဘာရထားက
ည 93း5 မှာ ထွက် မယ်။
terry(21.8.2011)10:00am
[email protected]
Comment #2
မိုက် တယ် ဗျို့  . . . . . ကို တယ် ရီ . . . အားပေးလျက်
Comment #6
ရေးတိုင်း မမိုက်တာမရှိသလိုပါပဲလား ဟရို့ 😀
Comment #8
တစ်ယောက်ထဲကျန်ချင်တဲ့
အောင်မြင်မှု့နဲ့ ………..
တစ်ယောက်တည်းကျန်ခဲ့တဲ့
အထီးကျန်ခြင်းကို
စာအိပ်ထဲထည့်ပြီး ဇစ်ပိတ်လိုက်တယ်။
ကောင်းလှချည်းလား….အားပေးသွားပါတယ်။
Comment #9
ကဗျာ ကနဦးပိုဒ်လေး တော်တော်မိုက်တယ် ဖတ်ရှုအားပေးသွားတယ် ။
Comment #10
တယ်ရီ..ဆိုတာ..ဒီလို..လူတော် ကို..ပြောတာလားဗျို့….
Comment #13
အားပေးသွားတယ် ဗျို
Comment #1
အားပေးသွားတယ် ဗျို့ 