အိပ်မက် .. ပန်း
ရင်ခွင်တလင်းပြင်နှလုံးကြောလယ်၌ မေတ္တာပေါက်ကောင်လေညှင်းငယ်ကြောင့်
ချစ်ဦးပန်းပွင့် ပွင့်လေပြီ …….
လေတိုက်တိုင်းပင်မယိမ်းစေရန် ငါ၏မေတ္တာအကာအရံဖြစ်ပါစေ ….
အတိုင်းမရှိရည်မှန်းစေတနာပါရှိသောကြောင့်
အကျိုးမသိလင့်ကစား မပစ်ပါယ်နှင့်
မြေစာအသွေးအသား စုပ်ယူပါတော့ ………
ခူးစွတ်ဖို့အရေး ငါမစွမ်းလည်း
သဲနှင့်မပက် မေတ္တာရေဖြင့်
ငြိမ်းစေမည်
အိနြေ္ဒမြင့် အနေမြင့် အလှတင့်သည့်
တန်ဖိုးသိပေသည်မို့
ခြွေချဖို့လည်း မတွေးရက်
နှုတ်ယူရန်လည်း မကြံစည်
အလိုအလျောက် ညွတ်လာမှသာ ငါ လှမ်းမည် ……
ဆူးများပန်းမို့ အပင်ဆတ်၍
ညွတ်ရန်အကြောင်းမရှိငြားလည်း
သစ္စာစောင့်သိ မျှော်လင့်၏
အခွင့်အလမ်း တိတ်တဆိတ် စောင့်စား၍
တစ်ခါမျှပင် နမ်းခွင့်မကြုံလည်း
ကဗျာစပ်ရအောင်ပင် မြတ်နိုးလှသည်မို့
ခုချိန် …… ဝေကာလှနေပေမယ့်
ကြွေကာကျမည့် အဖြစ်ကိုလည်း
တွေးပူမိသေးတော့ ………. ။ ။
slwal
Comment #2
တစ်ခါမျှပင် နမ်းခွင့်မကြုံလည်း
ကဗျာစပ်ရအောင်ပင် မြတ်နိုးလှသည်မို့
ခုချိန် …… ဝေကာလှနေပေမယ့်
ကြွေကာကျမည့် အဖြစ်ကိုလည်း
တွေးပူမိသေးတော့ ………. ။ ။
ကြိုက်တယ်ဗျအားပေးသွားပါတယ်။
Comment #3
really nice.
Comment #5
တစ်ခါမျှပင် နမ်းခွင့်မကြုံလည်း
ကဗျာစပ်ရအောင်ပင် မြတ်နိုးလှသည်မို့
ခုချိန် …… ဝေကာလှနေပေမယ့်
ကြွေကာကျမည့် အဖြစ်ကိုလည်း
တွေးပူမိသေးတော့ ………. ။ ။
Comment #6
Really meaningful
Comment #1
အားပေးသွားပါတယ်