အချစ်၊ တစ်ခါတစ်လေ ၊တစ်ခါတစ်ရံ နှင့် ကျွန်တော်
အချစ် ဆိုတာဟာ
တစ်ခါတစ်ရံ
စပယ်ယာ လိုပဲ
အပေါက်ဆိုးတတ်သည်။
အချစ်ဆိုတာ
တစ်ခါတစ်လေ
မီးရထားလို
အချိန်မမှန်တတ်….။
အချစ်ဆိုတာ
တစ် ခါတစ်လေများ
MRTV-4 လိုပဲ
လေးခါ ငါးခါ ထပ်ခါထပ်ခါ ပြန်လာတတ်သည်…။
အချစ်ဆိုတာ
တချို့ အတွက်`
လျှပ်စစ် မီးလိုပဲ
ရှိတော့ရှိပါရဲ့ မှိန်လွန်းလွန်းလို့ မမြင်ရ….။
အချစ်ဆိုတာ
တစ်ခါ တစ်ခါ
ကွန်ပြူတာလိုပဲ
ဗိုင်းရပ်စ် ၀င် အခန့်မသင့် ရင် window ကျ နေတတ်တယ်လေ…..။
အချစ်ဆိုတာ
ကျွန်တော့်အတွက်တော့
အရက်ဆိုင်ဘေးနားနားကပ်ဖွင့်ထားတဲ့
လက်ဖက်ရည် ဆိုင်လိုပဲ
သူလည်းဘောလုံးပွဲ ပြ တယ်
ကျွန်တော်ဆိုင်လည်း ဘောလုံးပွဲ ပြတာပဲ
လူတွေ ကတော့သူတို့ဆီမှာပဲ ရှိတယ်လေ….။
ဒါကြောင့်
ကျွန်တော်ပြောချင် တာက
အချစ် ဆိုတာ တစ်ခါတစ်ရံ လည်း
အချစ်ပါပဲဗျာ….။
Comment #2
Love it !
အချစ်ဆိုတာ
တချို့ အတွက်`
လျှပ်စစ် မီးလိုပဲ
ရှိတော့ရှိပါရဲ့ မှိန်လွန်းလွန်းလို့ မမြင်ရ 😛

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ha,,ha,,,
really nice.
u r so much clever creating real poems.
i admire u so much.