ထံပါး…မှ ခြား…။
ထံပါး…မှ ခြား…။
လေ အသင့် လွင့်ရတဲ့ “”ပုဝါ ငယ်””…….
ဟိုအပယ်…..ဒီအငဲ့……..
သွဲ့,,,,,,,,နွဲ့လို့ လူးလွန့်ပါ့၊
လေစဲ….ရာ ရပ်ဝန်းအခြေ
သက်ဆင်း “”ခ”” စံစား ရပေါ့၊
ဝေးရနှော့ ဖော်ကွာသူ ဆွေး…………..
နွေးတဲ့ “”အသိ””….။
သခင့် မြင် ခု(ရင်) မချိပါဘူး…။
(“”တစ်ချိန်သော ခါ””)
ဆင်းသ လည်တိုင် ပဏာပိုင် (ချက်)
သီးစ “”ချွေး”” တို့ “”သွေ့ခြောက်”” စေ…….
နွေမှာ ရိပ်””ပေး””
ဆောင်းမှာ “”ထွေး””လို့
ကိုယ်မှာ “”နွေး”” စေ့………….။
(ခုများ…..)
ဘယ်ဝယ်ရမ်း””ဆ””
မှန်းရပါ့ သခင့်ငယ် “”ပုဝါ ပါး””…..
ပိုင်သူမဲ့ တစ်ရွာခြား…….
လွမ်းလှလို့ “”ငေး”” ရတယ်………။
“”ကျ”” မျက်ရည် သွယ်လို့””ဝေ”” ၍
“”မှန်းတ”” ကာ မေးမိပါရဲ့……
သခင့် ထံနား “”ခြား”” တစ်ပါး မှ…..
“”ရောက်””လမ်း…ဘယ့်ခြေ……..။ ။
ကကြီး။[email protected](21.8.11)
Comment #2
ကောင်းလှချည်လားဗျ
Comment #1
အားပေးသွားတယ် ကို ကကြီး