ငါ့နှလုံးအိမ်မှာ အာလူးပုပ် တစ်လုံးမှ မရှိ
အရင်က ငါက…….
နယူတန်ရဲ့ နိယာမကို ကျင့်သုံးတယ်
ငါ့အပေါ်ကောင်းရင် ငါပြန်ကောင်းမယ်
ငါ့အပေါ်ဆိုးရင် ငါပြန်ဆိုးမယ်
ဒီလို ရိုးရိုးလေးပဲ နေထိုင်ခဲ့တာပါ။ ။
အရင်က ငါထက်…….
အခုငါက အသက်တော့ ပိုကြီးလာတယ်
ဟင့်အင်း အတ္တတော့ ပိုကြီးမလာဖူး…။
(အတ္တဆိုတာကလည်း ဇာတ်ကြိုးမတပ်ရင် ပတတ်ထရပ်ချင်တဲ့အမျိုး)
အခုငါက…….
ဗုဒ္ဓရဲ့ နိယာမကို ကျင့်သုံးတယ်
(ခန္တီစ သောဝစဿတာ တဲ့)
ဆင်ခြင်တုံကင်းတဲ့ အူကြောင်ကြောင်
အကွက်တွေနဲ့ ငါ့ကို လာရွှေ့ ရင်လည်း
ငါကတော့ မှန်တဲ့ဖက်မှာ မတ်မတ်ရပ်စဲပါပဲ။ ။
(တခါ တခါကျရင် အမှန်တရားဆိုတာကလည်း လက်ဖမိုးနဲ့ လက်ဖ၀ါးလိုပါပဲ)
အခု ငါက…….
ခံစားလွယ်တယ်…..
မျက်ရည်လွယ်တယ်……
အတ္တကို စွယ်ယောင်ပြပြီး စိတ်ကိုချွန်းမအုပ်နိုင်သူတွေရဲ့
ဒေါသကိုလည်း…….
ငါက အခါခါ “ခန္တီစ” လိုက်ပါတယ်
ဒါက အခု ငါနေထိုင်နည်းပဲ။ ။
အခု ငါက…….
ငါ့စေတနာမှာ အပိုင်းအခြားမရှိဖူး
ငါ့သဒ္ဓါတရားမှာ ငဖြူ င၀ါ အကန့်အသတ်မထားဖူး
တချို့ ရဲ့ သဒ္ဓါတရားက ငါ့ကိုမှ လာပိုင်းခြားထားရင်တောင်
ငါ့သည်းခံခြင်းတရားကို ငါရဲရဲနီပြလိုက်ပါ့မယ်။ ။
(တခါ တခါ သဒ္ဓါတရားက ကွက်ကြားမိုးလိုပဲ…..)
အခု ငါက…….
အလွန်တရာမှ စုတ်ပဲ့တဲ့ ဒေါသနဲ့……
ဖြူစင်ရှင်းသန့်တဲ့ စိတ်ကလေးကို ပေးမစားနိုင်ဖူး။
အလွန်တရာမှ ပုပ်အဲ့နံဟောင်တဲ့ အတ္တနဲ့…..
မြင့်မြတ်ထည်ဝါတဲ့ “ခန္တီစ” ကို လဲမစားနိုင်ဖူး။
အခု ငါက…….
ငါ့ကို အကြိမ်ကြိမ် ခလုတ်တိုက်ကြပစေ…..
အခါတရာမက “ခန္တီစ” လိုက်ပါတယ်
အိုက်စပ်ပူလောင်တဲ့ ဒေါသတို့ရေ…….
(တချို့ ဒေါသတွေက တမိုးလုံး ဖျောက်ဆိပ်)
အခု ငါက……
အရင်က ငါထက်တော့ ပိုမြင့်မြတ်တတ်လာတယ်
(အခု) ငါ့နှလုံးအိမ်မှာ အာလူးပုပ် တစ်လုံးမှ မရှိ
(အခု) ငါ့နှလုံးအိမ်မှာ အာလူးပုပ် တစ်လုံးမှ မရှိ
(အခု) ငါ့နှလုံးအိမ်မှာ အာလူးပုပ် တစ်လုံးမှ မရှိ ။ ။
*အာလူးပုပ် = မချစ်မနှစ်သက်သူ ၊ မလိုမုန်းတီးသူ ၊ အမြင်ကတ်သူ ……..
စစ်အေးငြိမ်း
Comment #3
မိုက်တယ်……….. ဒို့တွေမှာလဲအာလူးပုတ်တလုံးမှမရှိ
Comment #4
မရှိတော့အေးချမ်းတာပေါ့….ဗျာ
အားပေးသွားပါတယ်။
Comment #5
အာ လူး ပုပ် တဲ့ အာလူးအရမ်းကြိုက်တဲ့သူတောင် အာလူးမစားချင်တော့ဘူး ( နောက်တာပါ ) ခန္တီ ဆိုတာအမြဲထားနိုင်ရင်တော့ တကယ်ကိုမြင့်မြတ်တဲ့သူတစ်ယောက်ဖြစ်သွားပါပြီ တကယ်ကောင်းတဲ့ ကဗျာလေးဘဲ အားပေးသွားပါတယ် ။
Comment #1
တစ်ချို့  ဒေါ သတွေ က တစ်မိုးလုံး ဖျောက်ဆိပ်..
ညီမလေး နှလုံးသားမှာတော့ အာလူးပူတ်နည်းနည်း ရှိနေသေးတယ်….:P