သံယောဇဉ် (သို့ ) ငတုံးမ
ကမ္ဘာတွေ ပြို တဲ့ညက
အထာတွေ ပိုမနေနိုင်ခဲ့ဘူး။
ပြိုလဲ …..ပြန့်ကျဲ
သိက္ခာ…မာန
အဆုံးစွန်ဆုံး
စိတ်ဓါတ်
ဘာတခုမှလိုက်ကောက်စုနိုင်ဖို့
အင်အားမပြောနဲ့
ိစိတ်တောင်မကူးနိုင်ခဲ့ဘူး (အဲဒိလောက်ထိ)။။။။
ဟုတ်တယ်
မှားတာငါပါ..
ခပ်တန်းတန်း အစား
ခပ်ကြမ်းကြမ်းတွေ ချစ်ပြခဲ့တာကို
လွှတ်ထားရမဲ့ အစား
(လွတ်သွားမှာစိုးလို့)ချုပ်ထားမိတာကို
ငြင်းဆန်ရမဲ့ အစား
(စိတ်ညစ်မှာစိုးလို့)လိုက်လျောပေးမိတာကို
တင်းခံနေရမှာကို
(မငြင်းဆန်ရက်လို့) လျှော့ပေးမိတာကို။။။
ရှိသေးတယ်
လိမ်နေတာသိရက်နဲ့
ငြိမ်နေမိခဲ့တာ (မပြောရက်လို့)
ရှုပ်နေမှန်းသိရက်နဲ့
ဟုတ်ကဲ့ တွေချည်းထပ် ခေါင်းတွေချည်းစွတ်ညိမ့်ခဲ့တာ။။။
ဒါတင်ကသေးလား
နင်က နေမင်းဆို
ငါက နေ့ခင်း
နင်က လဆို
ငါက ည
အရာအားလုံးဖန်ဆင်း
မီးခွက်စောင့် မဟုတ်တောင်
နင့်အတွက်ဆို (လိုချင်တာတွေ)
အနီးစပ်ဆုံးတော့ဖန်တီးပေးခဲ့တာပဲ။။။။
ဟုတ်တယ်…….ဟုတ်တယ်
…….ဟုတ်ပါတယ်……..
ကြာလာလေလေ နင့်အရိပ်တွေအောက်
ဆွံ့အ စိုးရွံ ကျိုးနွံ တတ်လာတယ်(ယုံကြည်မှုတွေတောင်ပျောက်လို့) ။။။။။
ဆို့နစ်လာတဲ့
ငါ့၇င်ဘတ်ပဲ ငါထုလို့
အော်လိုက်ပါတယ်
ငါကိုက အသုံးမကျတဲ့
ငတုံးမပါလို့။။။။
Comment #2
ဟုတ်တယ်
မှားတာငါပါ..
ခပ်တန်းတန်း အစား
ခပ်ကြမ်းကြမ်းတွေ ချစ်ပြခဲ့တာကို
ရှိသေးတယ်
လိမ်နေတာသိရက်နဲ့
ငြိမ်နေမိခဲ့တာ (မပြောရက်လို့)
ရှုပ်နေမှန်းသိရက်နဲ့
ဟုတ်ကဲ့ တွေချည်းထပ် ခေါင်းတွေချည်းစွတ်ညိမ့်ခဲ့တာ။။
တစ်ထပ်တည်းဗျာ..အဖြစ်ချင်းတိုက်ဆိုင်သွားတယ်။အားပေးသွားပါတယ်။

Comment #3
အားပေးသွားပါတယ်

Comment #1
ဆရာအောင်ချိမ့် က ငါပြန်မတက်နိုင်တဲ့ တွင်းဆုံးထဲ ကျသွားခဲ့…ငါ ဘာသွားကောက်တာပါလိမ့်တဲ့…
ညီမလေးလည်း မြန်မြန် ပြန်တက်မှာဖြစ်မယ်
အချိန်တောင်မှီပါတော့မလား….:P