တွေးခေါ် ….ဆွေးနွေးခြင်း
ထောင့်မကျိုးဘူး
×××ငါ×××
ကျိုးပီးသား ခေါက်ရိုးအနည်းငယ်တော့ရှိတယ်
လူတွေနဲ့ အံဝင်တာ ခွင်ကျတာတွေ တော့ငါမသိဘူး
ှရှိတာကိုပြောပြတာ။။။။။။။။။။။။
ကောက်ကြောင်းတွေစိတ်မ၀င်စားဘူး
နောက်ကြောင်းတွေလဲ သိပ်မများဘူး
သို့သော်လဲ
S ကောင်းတော့ အပြောခံရဖူးဘူး။။။။။။။။။။။။
မြှောက်မပြောတတ်ဘူး
ခြောက် မပြောတတ်ဘူး
အဲတော့ …ကိုယ်တိုင်လဲ
မမြောက်ဘူး..
မကြောက်ဘူး။။။။။။။။
အထပ်ထပ် အလွှာလွှာ.
ဘယ်သူမဆို လူထဲကလူပဲ
ငါလဲ အတ္တတော့ရှိတယ်..
မာန ..သိက္ခာ ….အမှန်တရား
အဲဒါတွေလဲ
အင်း …..ရှိခွင့်ရှိတယ်..
ရှိလဲရှိတယ်။။။။။။။။
လူရယ် ခေါ်နိုင်မှတော့
ချစ်ခြင်း….မုန်းခြင်း…
လွမ်းခြင်း…တမ်းခြင်း..
ဒါတွေလဲရှိတာပဲ
ကန့်သတ်ပါနဲ့
ချုပ်ကိုင်ပါနဲ့ ။။။။။။။။။။။။
သံယောဇဉ်ငါ
လေလွင့်ငှက်လဲမဟုတ်ဘူး.
ကြွေလွင့်ရွက်လဲမဟုတ်ဘူး
သို့သော် ရွက်လွှင့်တာတော့ ခုံမင်တယ်။။။။။။။။
ကူညီတယ်.
ပံ့ ပိုးတယ်.
ကိုယ်ကျိုးတော့မျှော်ဘူး
ပီးတော့ အမြဲတမ်းတော့အခွင့်မကြုံနိုင်ဘူး
တခါတခါ ငါလဲ အကူအညီလိုတတ်တယ်
ငါက စေတလုံးပိုင်ရှင် မဟုတ်ဘူးလေ
နားလည်ကြပါ..တွေးကြည့်ကြပါ.
ထပ်မပြောဘူး။။။။။။။။။။။။။။။။။။။
ပီတိစားပီး လဲအသက်မရှင်နိုင်ကြပါဘူး
ကျေးဇူးတင်ခံရလို့လဲ ဗိုက်မ၀ပါဘူး
ဒါကြောင့် ငါလဲ
တ၀မ်းတခါး အတွက်
အလုပ်ရှုပ်ရသေးတယ်
အသက်ရှင်ရေးပေါ့။။။။။
ကောင်လေးရေ
ကျမစာတွေ ရှင်ဖတ်ရရောပေါ့
အလေးမထားဘူး …အရေးမလုပ်ဘူး
မတွေးပါနဲ့
လွမ်းရေးထက် ၀မ်းရေးလဲရှိသေးတယ်
ဝမ်းရေးကောင်းမှ ဆက်လွမ်းပါရစေ။။။။။။။။။
တချို့ကတော့
လိမ်တယ်…ကောက်တယ်…
ပွေတယ်..ဖောက်တယ်…
ညာတယ်…ရှုပ်တယ်..
ရိုးပါတယ်သူတို့ ဆင်ခြေက
အူမတောင့်မှ သီလစောင့်နိုင်မယ်တဲ့ လေ..
ဒါဆို ဒင်းတို့ ငတ်များငတ်နေလို့လား။။။။။။။။။။။
ရှိသေးတယ်..
အချစ်နဲ့ စစ်မှာ မတရားတာမရှိတဲ့ ….
ဒါဆို
ဒု၊ သ၊ န၊ သော ဆိုတာ ကိုးရီးယားမင်သားတွေများလား
ကောင်းပီ
မယားရှိတဲ့ ယောကျာ်းတွေပဲ ငါလိုက်ပစ်မှားနေတော့မယ်။။။။။။။။။
ကိုယ့်မှာ ဘာအပြစ်များရှိလို့
မချစ်နိုင်ရတာလဲံ မေးကြသေးတယ်
အပြစ်မရှိတိုင်းသာ ပြန်ချစ်ရရင်
သူတော်စင်တွေ ရည်းစားနည်းမှာ မဟုတ်ဘူး..
ရင်ခုန်စရာကြီး။။။။။။။။။
သံယောဇဉ်
နင့်ကဗျာတွေခံစားလို့ ရဘူးတဲ့
ဖြစ်ရလေခြင်းနော်..
ကဗျာရေးတာ ကို့ခံစားချက်ကို
အန်ထုတ်တာ သူများဖတ်အောင်
အလှပြတာမှ မဟုတ်တာ
ေ×ာက်ကျိုးကိုနည်းတော့တာပဲ။။။။။။။။။။။
မိန်းမနဲ့ ယောကျာ်း ပတ်သတ်မှုမှာ
တဏှာမပါတာ အများကြီးပါ
ခင်တာ မင်တာ …
စကားပြောတာလောက်ကို စာဖွဲ့နေရင်
ဝန်တိုတာ မဟုတ်တော့ဘူး
စော်ကားတာဖြစ်သွားတယ်
တယ်ခက်သကိုး။။။။။။
အမ်……
ဟုတ်ပါဘူး…
ကျမ အတင်းပြောတာ ဟုတ်ပါဘူး
လူသိရှင်ကြားဆွေးနွေးတာပါ..
ဘယ်သူ့ ဘယ်သူ့မှ ၇ည်ရွယ်ပါဘူး
ဒဲ့ထိရင်တော့ဆောရီး
ဖဲ့မိသေးရင် ဘွားတေး
လွန်တာရှိ ၀န်တာမိပါ…….
လောက ကြီး အတွက်ပါဆိုပီး
တစ်ယောက်က ရေမစီးတဲ့ မြောင်းလိုနေပီး
တယောက်က ပိတ်ဆို့နေတဲ့ အမှိုက်လို ကျင့်ကြံနေရင်
ခြင်တွေပေါက်ဖွား…သွေးလွန်တုပ်ကွေးဖြစ်ရုံကလွဲလို့
ဘာမှဖြစ်လာဘူး…ဒီလိုလုပ်…
ကို့ဆီက ရေကြည်တစ်ပေါက်
မင်းဆီက အကြည်ဓါတ်လေး
နည်းနည်းပေါင်းလိုက် ..
×××××ကဲ××××××
ကမ္ဘာကြီးကို ထုံးသုတ်ရအောင်
×××××××××ပြီးပါပြီ××××××
ကဲ….ကဲ.
ထောက်ခံရင် လက်ခုပ်တီး
ဟာ …ဘာသံမှလဲကြားရဘူး
ဘယ်ကြားမလဲ စာရိုက်နေတာကိုး……….
Comment #1
ထောက်ခံပါတယ်……..
ဖတ်ပီးပီးခြင်းလက်ခုပ် ၃ ချက်တီးလိုက်တယ်…..
Super တော့ရောက်မလာဘူး…….