မောင်ဟာ…….. ခြားတယောက်ကို
မောင်ရေ
မောင့်ကိုချစ်ခဲ့ရတာ မောင်ဟာ မောင်မို့ ပါ။
မောင်ရဲ့အချစ်စွယ်တွေနဲ့
နက်ရှိုင်းစွာထိုးနှက် အသည်းက သွေးစိမ်းရှင်ရှင်ထွက်လည်း
မချစ်ဖူးတဲ့ အသည်းရိုင်းက
မွတ်သိပ်စွာတောင့်တ အိပ်ပျက်ညတွေ……..
နှိုးစက်မလို
မနက်မနက် ဖုန်းဆက်ချိန်ဆို
မိုင်ပေါင်းများစွာဝေးကွာတဲ့အရပ်က
မောင့်ခေါ်သံလေးများ ကြားရလေမလား……….
နေ့လည်နေ့ ခင်း ရူးသွပ်စွာတမ်းတ
မောင်များ ရုတ်တရက် လှမ်းခေါ်မလား………….
မောင့်အလိုကျနေ မောင့်အလိုကျပြုံး
မောင့်စကားဆို မပယ်ရှား ချစ်အားသာ ပိုစေကြောင်း
အခါခါဆုတောင်းရင်း မောင့်ကိုတမ်းတ ချစ်ခဲ့ရသမျှ………………
အခုတော့လည်းလေ
အဝေးနေလို့ အနေဝေးသလို
ဝေးသထက်ပိုဝေး ဆွေးသထက်ဆွေး ရန် အကြောင်းဖန်ခဲ့………
အရာရာစည်းခြား တို့ နှစ်ဦးသားမှာ
ချစ်စရှည်ရာ ခွင့်မသာခဲ့ ။
မောင့်မှာ ခြားတယောက်ကို။
ကျွန်မရဲ့ မောင်ဟာ အခြားတယောက်ရဲ့ ကိုတဲ့ လေ…………..
Comment #2
hin,,,,,
hin,,,,,
ma mike bu kwar.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
good……….