“အလွမ်း၊နိဂုံး”
ကောင်းကင်က ကြယ်တွေကိုရေရင်း အလွမ်းတွေကိုသိမ်းထားခဲ့တာအတိုင်းအတာတစ်ခုအထိပေါ့
ဘယ်သူမှမသိဘဲ တိတ်တခိုးလေးနေခဲ့တာ သူလဲအညောင်းမိနေပြီ
ရီဝေဝေအကြည့်တွေနဲ့  ခပ်ထွေထွေစကား တွေကိုတော့ငါမှတ်မိသေးတယ်
ခပ်ဝေးဝေးက လှမ်းကြည့်တော့ ခပ်ရေးရေးလေးမြင်မိတာ သူ့ရဲ့ အပြုံး
ဒါပေမဲ့ငါမလှမ်းခဲ့ဘူး
ရင်ထဲကအလွမ်း သူ့ကိုစတေးခဲ့ပြီးမှ မင်းကိုငါမချစ်ခဲ့ဘူး
ရက်စက်တယ်တော့ မပြောပါနဲ့ 
ပေးဆပ်ခြင်းမှ အချစ်လို့ ဒီ နှလုံးသားက ထပ်ခါထပ်ခါဆိုခဲ့လို့ 
အနေဝေးလို့ အဝေးမနေချင်ပေမဲ့လည်း ဘဝချင်းနီးစပ်ဖို့ဆိုတာ ဆောင်းအိမ်မက်လို ခပ်လှမ်းလှမ်းမှာတင် ပြယ်လွင့်ခဲ့ရပြီမို့
အလွမ်းဆိုတဲ့ သစ်ပင် ငါမပျိုးပဲ တိုးလို့သာရှင်သန်ခဲ့ပေါ့
နေဦး အဲဒီ့သစ်ပင်ခု ချက်ချင်းခုတ်မယ် နတ်နေကိုင်းတောင်မချန်ဘူး
အလွမ်းတွေကိုပါ တစ်ခါတည်း မီးရှို့လိုက်မယ်……..
သို့ပေမဲ့ အခိုးအငွေ့ တွေမြင်တိုင်း ငါ့ နှလုံးသား ခပ်နွေးနွေးလေးရှိတုန်းပဲ။
Comment #2
nice,,,
but,,,
i don’t understand all.
Comment #1
အားပေးသွားပါတင်္ရ ဗျာ