ဆေးစွန်းပန်းချီ
မာနတွေမရှိခဲ့တာ မဟုတ်ဘူး ခဝါချခဲ့တာ။
မမုန်းတတ်တာ မဟုတ်ဘူး ပြုံးတတ်ခဲ့တာ။
မသိခဲ့တာ မဟုတ်ဘူး ခွင့်လွတ်ပေးခဲ့တာ။
ကလေးဆန်တာ မဟုတ်ဘူး မချစ်တတ်ခဲ့တာ။
အနိုင်မယူချင်တာ မဟုတ်ဘူး အရှုံးကိုဖက်တွယ်ခဲ့တာ။
မစဉ်းစားတတ်ခဲ့တာ မဟုတ်ဘူး အချစ်ကိုကိုးကွယ်ခဲ့တာ။
ရာဝဏတော့ မဟုတ်ဘူး သူ့လိုတော့ချစ်တတ်တယ်။
မပြည့်စုံတဲ့ငါ့မှာ ဖြူစင်တဲ့နှလုံးသားတစ်စုံတော့ရှိတယ်
ဆေးစွန်းခဲ့တဲ့ ငါ့ရဲ့ပန်းချီကား ငါ့သွေးနဲ့ ဆေးကြောပေးမယ်။
Comment #3
excellent.
By: ei lay at Aug 24, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လုလင် လာရောက် အားပေးသွားပါတယ်