သူလို ကိုယ် လို သောကြာ
တနေကုန် မိုးစွေတယ်
ပြောစရာမဲ့ /နေရာမဲ့ /လွပ် လပ်မှု က ကျဉ်းတယ်
ထိုင် /ထ / စား / သွား/ လာ /
ဒီနေ့  တနေကုန် connection မကောင်းပါ
လျော့ တိလျော့ ရဲ အတွေးကို ဆွဲတင် မကြာခဏ (မကြာ/ခဏ)
နေ့ လည်စာ ကို သုံးဆောင်ရန် ဘာများ လိုအပ်ပါသလဲ
ဒီနေရာ မှာ စကားများများ ကျယ်ကျယ် ပြောလို့ အဆင်မပြေဘူး
တယ်လီဖုန်း သံနှင့် အတူ ကော်ဖီ တခွက် အသင့်ထုတ်ပိုး ပြီး
အပြုံးတွေ ကြည်နူးမှုတွေ….ခိုးခိုးခစ်ခစ်တွေ….ဟန်ဆောင်မှု ဇာတ်ဝင်ခန်း
တယ်လီဖုန်း အား စစ်ဆေး မေးမြန်း ရန်..လိမ်ညာမှု ပုဒ် မ ၄၂၀
ဆက်လျှောက်……… တရွှေ့ ရွှေ့  …..တစ်လမ်းမောင်း
သောကြာ ဈေးသည်များ…………
ကျေးဇူးပြုပြီး ဈေးဆစ်ခြင်း သည်းခံ ပါရန်
မာန တွေ ခ၀ါ ချတယ်….အချစ်တွေ အမုန်းတွေ ၀ယ်တယ်
အသွေးအသားခြင်း ဖလှယ်တယ်…အတ္တ ခြင်း အလိုက်ပေး လဲ လှယ် တယ်
သော ကြာ အိမ်မက် များ..စကားလုံးများ… အရောင်များ…ဂေဟဗေဒများ….
သောကြာနေ့  မိုးမရွှာပါ….စနေကြိုမိုး နှင့် သာ အလုပ်ရှုပ်နေခြင်းဖြစ်သည်..။…………။ (လုလင်ငယ်သွေး)
Comment #2
မာန တွေ ခ၀ါ ချတယ်….အချစ်တွေ အမုန်းတွေ ၀ယ်တယ်
အသွေးအသားခြင်း ဖလှယ်တယ်…အတ္တ ခြင်း အလိုက်ပေး လဲ လှယ် တယ်။

Comment #1
ကိုလုလင်ငယ်သွေး
အားပေးသွားပါတယ်။