အိုဗာစကေး
ရွှေပင်နားတော့ ရွှေကျေး
ငွေပင်နားတော့ ငွေကျေးတဲ့
မလေးမြေခြေချတော့ လူတွေအထင်သေးရဲ့
ဓားသွားပေါ် လမ်းလျှောက်တော့
မိဘတွေက ရင်လေးတယ်
ကျုပ်တို့က အိုဗာစကေးပဲ … ။
ကဗျာတွေလဲ ရေးမဆုံး
နာစရာတွေလဲ လာမဆုံး
ဘ၀ကပေးလို့ ချွေးတွေမွှေးသူ
အလှပဂေးဆို ငေးဖို့ရယ်မအား
ဒုက္ခကြားမှာတွားသွားသွား … လို့
အော် … ကျူပ်တို့က အိုဗာစကေးပဲ ။
ငါကလဲစောင်းသမားမဟုတ်
မင်းကလဲ ဘုရင့်မျိုးမဟုတ်
အခြေအနေမလှလို့ နေထိုင်ရသူသာ
ဘ၀ပေးနဲလို့ ရဲရင်ကြသူ
လူလူချင်းတော့နားလည်ပေး
တပါးသူရှင်သန်ရေး …
စကားနဲ့တောင်မနှိမ်ကြေး
ကျုပ်တို့က အိုဗာစကေး ။
( မသိချင်ယောင်ဆောင်ရင်လည်း … ခံနေကြရသော ….
အလုပ်မှာပဲကြည့်မလား …
နေထိုင်ရာ အိမ်မှာပဲကြည့်မလား ..
အပြင်သွားလို့ အတူတူများဖြစ်မလား ..
ပင်ပန်းလို့ အရက်အတူတူများသောက်မိမလား ..
အရက်သောက်ရင်းစကားများမလား …
အလုပ်ခွင်မှာ မတရားပြောခံရမလား ..
တွေ့ပါမြင်ပါများလာတယ် … မကြေနပ်သံတွေပြည့်လာတယ် ..
မြန်မာချင်းမစာနာလို့ … နှိပ်ချင်သူများအားရည်စူးကာ ….. )
Comment #3
nice to read.
Comment #1
ငါကလဲစောင်းသမားမဟုတ်
မင်းကလဲ ဘုရင့်မျိုးမဟုတ်
အခြေအနေမလှလို့ နေထိုင်ရသူသာ
ဘ၀ပေးနဲလို့ ရဲရင်ကြသူ
လူလူချင်းတော့နားလည်ပေး
တပါးသူရှင်သန်ရေး …
စကားနဲ့တောင်မနှိမ်ကြေး
ကျုပ်တို့က အိုဗာစကေး ။