နာကျင်မှုအဆင့်အမြင့်ဆုံး ( ၉၉.၉ )
မတောင်းပန်ခင်ထဲက ကျေနပ်နေတတ်တဲ့စိတ်ကိုမကျေနပ်ဘူး
ရင်ဘတ်ထဲ မှာတော့အောင့်နေတယ်
နာကျင်မှု အဟုန်အဆိုင် အခဲက
တိုက်နှုန်း ဂိတ်ဆုံးနဲ. လှိုင်းထန် သွားတဲ့တနေ.မှာ
ငါဆိုတာပျောက် ဆုံးသွားတယ်
သူဆိုတာလဲမရှိတော့ဘူး
ခဲမှန် ဖူးတဲ့ စာတကောင်လို
ကြောက်လန်.တကြား ၀င်ပုန်းလိုက်မိတာ က အချစ်
ပျောက်ဆုံးသွားပြီ
မရှိတော့ဘူး
မဖြစ်တော့ဘူး
မသိတော့ဘူး
မတွေးတော့ဘူး
ဆိုတဲ့ ဝေါဟာရ ထဲမှာ စိတ်ကိုနှစ်ထားလိုက်တယ်
သက်ပြင်းရှည်ကြီး တချက် ဟူးကနဲ တောက်ထုတ် လိုက် ချိန်မှာပဲ
တစုံတခု လွင့်စင် ထွက် ကျသွားတယ်
လွှတ်ချ လိုက်တာလား
လွတ်ကျသွားတာလား
မသိချင်တော့ဘူး
နံပါတ်က x ၅၀ x x x
သူ. ရုပ်ပုံ calling alert
ခေါ်သံ right here waiting for you
ရင် ဘတ်ထဲ ကျင်ကနဲ စိမ့်ကနဲ ခံစားချက်
နာကျင်မှု အဆင့် အမြင့်ဆုံး ( ၉၉.၉ )
မျှော်လင့်ချက်တွေ ဟိုး အဝေးးးးးးးး ဆုံး လွှင့်ပစ် စဉ် ။။။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မတောင်းပန်ခင်ထဲက ကျေနပ်နေတတ်တဲ့စိတ်ကိုမကျေနပ်ဘူး
ဟုတ်တယ်….အမှန်ပဲ။
အားပေးသွားပါတယ်။