အလွမ်းဘွဲ့
အိမ်ပြန်ခက်သည် ၊ ရာသီရွှေ့ပြောင်း၊ ရက်လနှောင်းသော်၊ ဖော်ပေါင်းတသီ ၊ ပြုံးပျော်နှတ်ဆက် ၊ သူသွားတော့မည် ၊ ပြုံး၍ ပျော်ဟန် ၊ နှုတ်ဆက်နေသူ၊ ကျွန့်မှာမူကား ၊ မချိဗျာဒ ၊ ပူသောကနှင့် ၊ မြူကာမျှပင် ၊ ပျော်ကြောင်းမထင်၊ မရွှင်လျက်နှင့် ရွှင်ယောင်ကျင့်သည် ။ မျှော်၍ ခက်လေပြီတကား ။
သွားတော့သူသည် ၊ အချမ်းမတူ ၊ အပူမမျှ ၊ မြေခြားတနယ် ၊ ရှိကာနေမည် ၊ စက်မှေးခိုက်တွင် ၊ စိတ်ဝယ်တွေးရှင့် ၊ သောကဖိစီး ၊ ပူမီးမြိုက်၍ ၊ အာရုဏ်မိုးသောက် ၊ အလင်းရောက်သည် ။ မချမ်းမြေ့လှသည်တကား ။
လွမ်း၍နေမည် ၊ ချိုသာနှလုံး ၊ ပြုံးပြုံးရွှင်ရွှင် ၊ သခင်သူ့ဆီ ၊ သက်ပင်သေသေ ၊ ငြိုငြင်ဘူးဟု ၊ မှတ်ရွယ်နှလုံး ၊ ဦးဆုံးသူမို့ ၊ ဘယ်ဆီတနေ့ ၊ မေ့နိုင်ပါဟု ၊ စွဲသိစိတ်ဝယ် ၊ သိငြားသော်လည်း ၊ မခိုင်စိတ်ဝမ်း ၊ သတိချုပ်ဆည် ၊ ဘုရားရှင်ပါး ၊ ရှေ့တောက်မှောက်၌ ၊ သူပျော်စေကြောင်း ၊ တောင်းဆုခြွေသည်။ လွမ်းရေးခက်လှချေတကား ။