သစ်စာ
ငါပြောတဲ့ပုံပြင်ထဲမှာ နင်မြောသွားတာလား
နင်ဖောတဲ့ ယုံချင်စရာလေးတွေထဲမှာ ငါမောသွားတာလား
သေသေချာချာ သတိမထားမိလိုက်ဘူး
ကြယ်နှစ်စင်းလို လင်းနေတဲ့ နင့်မျက်ဝန်းနဲ့ဆုံလိုက်တိုင်း
ရင်ခုန်သံတွေ ပျောက်ဆုံးသွားသလား မှတ်ရလောက်အောင်
စီးမြောခဲ့တာပါ………
ငါလေ…….. နင့်အကြည့်ကို
အရင်ရေးခဲ့တဲ့ ကဗျာတွေထက်လည်း တပ်မက်တယ်
ဆင်တူဝတ်တဲ့လက်စွပ်လေးထက်လည်း မြတ်နိုးတယ်
တစ်သက်မရိုးခဲ့တဲ့ နှုတ်ခမ်းနှစ်ခုရဲ့ထိတွေ့မှုနဲ့ February 14
လိုချင်တဲ့ အနွေး နင့်ထွေးပွေ့မှုလေးတွေ ပေးနေလေရဲ့
ခပ်ကွေးကွေး လကလေးနဲ့ နင့်မျက်ဝန်းလည်း အလင်းပြိုင်
ဘယ်သူနိုင်လဲ ငါ့မမေးနဲ့
နင့်ဘက်က ထာဝရထက် “၀၀၁၀၇” ရပ်တည်မယ်..
Comment #2
ငါလေ…….. နင့်အကြည့်ကို
အရင်ရေးခဲ့တဲ့ ကဗျာတွေထက်လည်း တပ်မက်တယ်
ညီအားပေးသွားပါတယ်။

Comment #3
နွေမဟုတ်တော့ဘူးကော….အားပေးသွားပါတယ်..။အများကြီးတွေ့ချင်ပါတယ်ဗျာကဗျာတွေဆက်တင်ပါအုံး

Comment #4
wow….
ha,,ha,,
mike de

Comment #5
😛
😛
😛
so cute

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားပါတယ်