ကတိ
လက်သန်းနှစ်ခုကို ချိတ်
ကော်ဖီခွက်တွေတောင် အသံမြည်အောင်
သစ္စာတွေ မြဲခဲ့ပေမယ့် ………
တကယ်လို့များပေါ့
ကံတရားကြောင့်
ဝေးရမယ့် အခြေအနေတွေ
ကြုံလာခဲ့ရင် မျက်ရည်မကျနဲ့နွေ…..
ပတ်ဝန်းကျင်က
နင့်အချစ်ကို ဆန့်ကျင်တဲ့စကားလုံးတွေနဲ့ ပုတ်ခတ်လာရင်
ငါ့ကိုချစ်တာ သက်သေမပြနဲ့နွေ…
အသိုင်းအ၀ိုင်းတွေကြောင့်
လက်တွဲဖြုတ်ဖို့ သေချာသွားရင်
နင့်နှုတ်ခမ်းက အနမ်းတွေ ထပ်မခြွေချနဲ့နွေ…
ငါပေးထားတဲ့အရုပ်တွေ
နင့်အခန်းထဲပြည့်နေရင်တောင်
ဘယ်လောက်ရှိလည်း ထပ်မရေပြနဲ့နွေ…
အားလုံးအားလုံးကြောင့်
အသေချာဆုံး လမ်းခွဲရတော့မယ်ဆိုရင်တောင်
ငါ.. အမြတ်တနိုး ဆုပ်ကိုင်ဖူးတဲ့
လက်တွေမပြပါနဲ့တော့ နွေ…
တကယ်တော့……. တို့နှစ်ယောက်စလုံးက
ကြွေတာထက်ကို ဝေခဲ့ကြသူတွေချည်းပါပဲ နွေရယ်……..
Comment #3
လက်တွဲဖြုတ်ဖို့ သေချာသွားရင်
နင့်နှုတ်ခမ်းက အနမ်းတွေ ထပ်မခြွေချနဲ့
ငါပေးထားတဲ့အရုပ်တွေ
နင့်အခန်းထဲပြည့်နေရင်တောင်
ဘယ်လောက်ရှိလည်း ထပ်မရေပြနဲ့
ကွက်တိပဲ……အားပေးသွားပါတယ်။
Comment #4
အားပေးသွားပါတယ်..။အသစ်တွေလုပ်ပါအုံးဗျို့..။
Comment #5
ကဗျာကောင်းလွန်းလို့ နှစ်ခေါက်ဖတ်သွားပါတယ် ။
Comment #6
nice
Comment #8
:'(
:'(
:'(
Comment #1
လှလိုက်တဲ့ ကတိ…..
အားပေးသွားပါတယ်ဗျာ။