အားပေးစကား
အားပေးစကား
ထားပစ်လို့မရတဲ့ အမှားအယွင်းများ
စွန့်ခွာမရတဲ့ သံယောဇဉ်
ပြုပြင်မရတဲ့ အကျင့်စရိုက်
တစ်ယောက်တည်း ကြေကွဲဝမ်းနည်းမှု။
အတည်တကျ မရှိတဲ့ အတွေးအခေါ်များ
လေလွင့်နေဆဲ သတိရခြင်းများစွာ
သူမရဲ့ အောင်မြင်ခြင်းများစွာအတွက်
ဝမ်းသာအယ်လဲ ဂုဏ်ယူပါရဲ့။
မြင်ချင်တွေ့ချင်တာလဲ ဟုတ်တယ်
အနားမှာ ရှိစေချင်တာလဲ ဟုတ်တယ်
ရင်ဖွင့်ပြောပြချင်တာတွေလဲ ရှိတယ်
ကိုယ့်ခေါင်းကိုယ်ရိုက်ခွဲပစ်ချင်နေတာလဲ ဟုတ်တယ်။
ဆွဲဖြဲပစ်ချင်တဲ့ စာမျက်နှာ
ပြောပြချင်တာတွေ ပါးစပ်ကိုယား
အကြိမ်ကြိမ်ပြန်သိမ်းဆည်းနေရတဲ့ ၀မ်းနည်းမှု
မဖြစ်နိုင်မှန်း သိသားနဲ့
ဒီအချိန် နင်အနားမှာ ရှိစေဖို့ တောင့်တမိတယ်
ရှုံးနိမ့်သူတစ်ယောက်လိုနေတာ
. . . . . . . . . . . . . . .အားပေးစကားပဲ မဟုတ်လား။ ။
နရီမင်းထက်(ဆေးတက္ကသိုလ်)
Comment #2
I said in my poem. . . that I want to see her, need her beside me, want to tell her . . .
You should know that Love is not a man-made. It is a heart-made, my friend.
Comment #3
hote,,,,
ti par p.
he,,he,,
Comment #1
why not if u wish?
why not if u need?
why not if u want?
what r u waiting for?
what r u afraid of?
do u want only words fr her?
don’t u want her love?
don’t u want her beside u?
don’t u want her kindness?