((( ဆန့်ကျင်ဖက် )))
ကဗျာဆရာတစ်ယောက်က ရေးဖူးတယ်
“လမ်းချင်းတူရင် လူချင်းတွေ့မှာပါ” တဲ့ ။
လူချင်းတော့ တွေ့ပါရဲ့
ဒါပေမယ့် …
လမ်းချင်းမတူခဲ့ကြဘူး။
မျက်နှာချင်းဆိုင် လမ်းကိုလျှောက်ရင်း
လမ်းဆုံမှာ မတော်တဆ၀င်တိုက်မိရုံပါပဲ…။
တဒင်္ဂအတွင်းမှာပဲ
သူလဲ သူလမ်းသူဆက်လျှောက်
ကိုယ်လဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ရင်း
နောက်ပြန်တောင် လှည့်မကြည့်ဖြစ်ခဲ့ဘူး။
ဦးတည်ရာချင်းမှ မတူပဲ
သူ့လမ်းကို ကိုယ်မလျှောက်နိုင်သလို
ကိုယ့်လမ်းကိုလဲ သူမလျှောက်နိုင်ခဲ့ဘူး။
ဒီလိုနဲ့…ပဲ
လမ်းချင်းမတူခဲ့ပေမယ့်
လူချင်းတော့ တွေ့ဖြစ်ခဲ့ကြတယ်…။
ဖွိဖောင်း (၂၁.၆.၂၀၁၁)
Comment #1
ဒီလိုနဲ့…ပဲ
လမ်းချင်းမတူခဲ့ပေမယ့်
လူချင်းတော့ တွေ့ဖြစ်ခဲ့ကြတယ်…။