နှင်းရည်သောက် စိတ်ကူး – နရီထက်
လဲပြိုဖူးတဲ့ နေ့ဟောင်းတွေ
အိမ်မက်ရှည်တွေက ဖာထေးမပေးဘူး
ပိုင်ဆိုင်ခွင့်မရှိတဲ့ ကောင်းကင်
ဘယ်လှေကားတက် ခူးဆွတ်ရမလဲ…
ညစိတ်ကူးတွေထဲမှာ
မိုးသောက်ဆည်းဆာနှင့် အိပ်ခွင့်ရမလား
အတွေးချိုချိုထဲမှာလည်း
လရိပ်တွေက မအေးမြခဲ့တာ များပါတယ်
အဆောင်လက်ဖွဲ့တွေနှင့်
ဘယ်သဇင်မှ…
အမြင့်စံရမယ်လို့ ဟောကိန်းမထုတ်ထားဘူး
နှင်းရည်သောက်စိတ်ကူးလောက်တော့ ထားခွင့်ရှိတယ်
မရှိမှန်းသိရက်နဲ့ အမေးခံရသလောက်
မသိပဲ မေးလိုက်တာ ဖြေသာပါတယ်
ပါးလွှားနေတဲ့ မာနကို
လောကဓံက ပေတစ်ရာမှာ ခြေကျင်လျှောက်ခိုင်းနေကြပါ
ခြောက်သွေ့နေတဲ့ နွေခေါင်ခေါင်အတွေးထဲမှာ
မနက်ဖြန်ဆိုတဲ့ကန္တာဆူးပင်တွေက
ကျင့်ဝတ်နှင့်အညီ ဆက်ရှင်သန်ခိုင်းမှာပါ…။ ။
နရီထက်
( ၂၅ ၊ သြဂုတ်လ ၊ ၂၀၁၁ )
Comment #2
ပါးလွှားနေတဲ့ မာနကို
လောကဓံက ပေတစ်ရာမှာ ခြေကျင်လျှောက်ခိုင်းနေကြပါ
ဟုတ် ပါ တယ်..ဒါ ပေ မယ့် ဘယ် သူမှ လဲ …မာနကို စွန့် မလွှတ် နိုင် ကြပါ ဘူး
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #3
လဲပြိုဖူးတဲ့ နေ့ဟောင်းတွေ
အိမ်မက်ရှည်တွေက ဖာထေးမပေးဘူး
ပိုင်ဆိုင်ခွင့်မရှိတဲ့ ကောင်းကင်
ဘယ်လှေကားတက် ခူးဆွတ်ရမလဲ
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #4
(လဲပြိုဖူးတဲ့ နေ့ဟောင်းတွေ
အိမ်မက်ရှည်တွေက ဖာထေးမပေးဘူး
ပိုင်ဆိုင်ခွင့်မရှိတဲ့ ကောင်းကင်
ဘယ်လှေကားတက် ခူးဆွတ်ရမလ)ဲ…ဒီအပိုဒ်ရယ်
(မရှိမှန်းသိရက်နဲ့ အမေးခံရသလောက်
မသိပဲ မေးလိုက်တာ ဖြေသာပါတယ်
ပါးလွှားနေတဲ့ မာနကို
လောကဓံက ပေတစ်ရာမှာ ခြေကျင်လျှောက်ခိုင်းနေကြပါ)ဒီအပိုဒ်ရယ်အကြိုက်ဆုံးဘဲ
အားပေးသွားတယ်အကိုကြီး
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #1
ခေါင်းစဉ်လေး က လှတယ်နော် ။ကဗျာထဲမှတော့  ဒိအပှဒ်လေးတွေကို ကြိုက်တယ်
လဲပြိုဖူးတဲ့ နေ့ဟောင်းတွေ
အိမ်မက်ရှည်တွေက ဖာထေးမပေးဘူး
ပိုင်ဆိုင်ခွင့်မရှိတဲ့ ကောင်းကင်
ဘယ်လှေကားတက် ခူးဆွတ်ရမလဲ…
အဆောင်လက်ဖွဲ့တွေနှင့်
ဘယ်သဇင်မှ…
အမြင့်စံရမယ်လို့ ဟောကိန်းမထုတ်ထားဘူး
နှင်းရည်သောက်စိတ်ကူးလောက်တော့ ထားခွင့်ရှိတယ်
မရှိမှန်းသိရက်နဲ့ အမေးခံရသလောက်
မသိပဲ မေးလိုက်တာ ဖြေသာပါတယ်
ပါးလွှားနေတဲ့ မာနကို
လောကဓံက ပေတစ်ရာမှာ ခြေကျင်လျှောက်ခိုင်းနေကြပါ ။တဲ့ အဲ့ စာကြောင်းလေးတွေကိုကြိုက်တယ် ပိးတော့ ခြောက်သွေ့နေတဲ့ နွေခေါင်ခေါင်အတွေးထဲမှာ
မနက်ဖြန်ဆိုတဲ့ကန္တာဆူးပင်တွေက
ကျင့်ဝတ်နှင့်အညီ ဆက်ရှင်သန်ခိုင်းမှာပါ…။ ။ဟုတ်တယ် အဲ့ စာကြောင်းလေးအတိုင်း ပဲ လောကကြိး မှာ လူတွေကိုယ်စီ ဟာ ကိုယ်ဘ၀ ခရီးလမ်း ကိုကျင့် ဝတ်နဲ့ အညီ ဆက်လျှောက်နေရအုံး မှာပဲ၊ ကောင်းတယ် ကိုကြိး ဆက်အားပေးသွားမယ်နော်