အယူခံ ခြင်း (sharon )
အနည်းဆုံးတော့မင်းရှိနေဖို့ လိုအပ်တာပေါ့.
. ငါ့အသက်ရှင်မှုတိုင်းက မင်း
တမ်းတခြင်းမှာ ရင်ဘတ်ကြွေတယ်
ဘာတွေများတွေးနေရှာမလဲ…
အတိတ်ဆိုတာ တို့ နှစ်ယောက်အတွက်တော့ ခါးသက်တယ်
ငါ့ဘဝရဲ့ အခန်းဆက်တွေတိုင်းမှာ အချစ်တစ်ခုပဲဆာငတ်နေပါရစေ..
ကျေးဇူးပြုပြီးပြန်လာပေးပါ အယူခံခြင်းတွေအပြည့်နဲ့  ရှင်းပြခွင့်တော့ ပေးပါ
အချစ်ကပေးဆပ်ခြင်းဆိုရင် ငါမင်းအတွက်ပေးဆပ်စရာ နောက် ထပ်ကော .. ရှိသေးလို့ လားကွယ်
ငါ့ ဘဝ..
ငါ့ အချစ်
ငါ့ရင်တစ်ခုလုံး မင်းလိုသလို ဖဲ့သုံးခဲ့ တာပါ..
ငါကတော့အသက်ထက်ဆုံးဆိုပြီး မြစ်တွေ လို စီးခဲ့ တယ်
နင့် အတွက် အချစ်တွေက ပြန်ရုတ်သိမ်းဖို့ မှ မဟုတ်တာ…
ငါ လေ ရူးရမယ်ဆိုလဲ ရူးပါစေတော.
ချစ်မိပြီဆိုမှတော့
ချစ်မိပြီဆိုမှတော့လေ..
sharon ( 25 .8.2011) 5:20pm
Comment #2
အထူးးးးအဆန်းးးးဖြစ် နေတာ မဟုတ်ရပါဘူး…..
ချစ်စ…ချစ်လယ်….ချစ်ဆုံး….
ငါ့ အတွက်တော့ ရူးသွပ်ခြင်းတွေပဲကွယ် ..

Comment #3
excellent.

Comment #4
ဇာတ်နာ လို့ ဘ၀နာတာမဟုတ်သလို… ဘသနာလို့ ဇာတ်နာတာလဲဟုတ်ဘူး..
အရူးချင်းမှာ အချစ်ကြောင့် ရူးရင် တော်တော် ဆိုးတာကြားဖူးတယ် 🙂

Comment #5
be thu ko pyaw dar tone.
hint,,

Comment #7
အချစ်ကပေးဆပ်ခြင်းဆိုရင်
ငါမင်းအတွက်ပေးဆပ်စရာ
နောက် ထပ်ကော ..
ရှိသေးလို့ လား
ကြိုက်တယ်အားပေးသွားပါတယ်။

Comment #8
arr pay thu arr kye zu ahtoo par shin’ 🙂 god bless u !

Comment #9
ကဗျာတစ်ပုဒ်လုံး ဖတ်လို့ကောင်းတယ်ဗျ အားပေးသွားတယ် ။

Comment #1
ငါဟာရင်ဘတ်ကန်းးးးနေသူတစ်ယောက်မို့ပါ….။
ရှိစုမဲ့စု “မာန” တွေကို ခဝါ ချထားပါတယ်ဆိုမှ
ခဏ ခဏ လာတက်နင်းနေတော့လဲ ဒီအရပ်က မိုးးးခေါင်တာ
ကျေးဇူးပြုပြီး “ငါ့” ကို အထူးးးးအဆန်းးးးဖြစ် မ နေ ပါ နဲ့