ခါးသက်သက်အမုန်းနဲ့ ချိုမြမြအလွမ်းတွေကို ဆက်လက်စားသုံးခွင့်ပြုပါ….ဟန်နီ
ခါးသက်သက်အမုန်းနဲ့ ချိုမြမြအလွမ်းတွေကို ဆက်လက်စားသုံးခွင့်ပြုပါ….ဟန်နီ
ခါးသက်သက်အမုန်း
အချစ်ကချိုမြိန်တဲ့
သစ်သီးလားဆိုတာငါမသိခဲ့ပေမဲ့
အမုန်းတစ်ခုကတော့ အပြုံးတုရဲ့အောက်မှာ
ဒုတိယံမိ ထပ်မံကျဆုံးသွားခဲ့ပြန်ပြီ….
အမုန်းကို အခါခါအသက်သွင်းရင်း
အနာဂတ်ကို စစ်တိုက်ထွက်ခဲ့တဲ့ငါက
အမုန်းမရှိရင် အရှုံးဆိုတာငါ့အတွက်လို့
ကြေငြာမောင်းခတ်ထားမှတော့
ဒို့တွေမီးကုန်ယမ်းကုန် မုန်းးးးလိုက်ကြတာပေါ့
ငါဆိုတဲ့သူက နင့်ကိုစိတ်ရှိလက်ရှိ
မေ့ ပြစ် လို့ မှ မ ရ သေး တာ..။
ချိုမြမြအလွမ်း
အချစ်ကချိုမြိန်တဲ့
သစ်သီးလားဆိုတာငါမသိခဲ့ပေမဲ့
အမုန်းတွေခြုံခိုတိုက်ခိုက်ခံရတဲ့နေ့ကစ
ချိုမြိန်တဲ့ အလွမ်းသစ်သီးတစ်လုံး
နင်လက်ဆောင်ပေးခဲ့တဲ့နောက်
နင်နှင်းအပ်ခဲ့တဲ့ မီးတောက်ကို
ဆုတော် လာဒ်တော် အဖြစ်နဲ့
ချိုမြိန်စွာသုံးဆောင်နေပါတယ် ချစ်သူ
ငါဆိုတဲ့သူက နင့်ကိုမှမလွမ်းရရင်
ကိုယ့် အိပ် မက် တောင် ကိုယ် စိတ် တိုင်း ကျ
မ ဖန် တီး နိုင် တော့ လို့ ပါ..။
ဆက်လက်စားသုံးခွင့်ပြုပါ….ဟန်နီ
အချစ်ကချိုမြိန်တဲ့
သစ်သီးလားဆိုတာငါမသိခဲ့ပေမဲ့
ငါ့ကို ခါးသက်သက်အမုန်းတွေနဲ့
ချိုမြမြအလွမ်းတွေတော့
ဆက်လက်စားသုံးခွင့်ပြုပါ ဟန်နီ
အ ချစ် က ချို မြိန် တဲ့
သစ် သီး လား ဆို တာ ငါ မ သိ ခဲ့ ပေ မဲ့….
11:20 AM
နတ်သမီး
Comment #2
အမုန်းတွေခြုံခိုတိုက်ခိုက်ခံရတဲ့နေ့ကစ
ချိုမြိန်တဲ့ အလွမ်းသစ်သီးတစ်လုံး
နင်လက်ဆောင်ပေးခဲ့တဲ့နောက်
နင်နှင်းအပ်ခဲ့တဲ့ မီးတောက်ကို
ဆုတော် လာဒ်တော် အဖြစ်နဲ့
ချိုမြိန်စွာသုံးဆောင်နေပါတယ် ချစ်သူ
အားပေးသွားပါတယ် နတ်သမီး…
Comment #4
ဆက်လက်စားသုံးခွင့်ပြုပါ….ဟန်နီ
အချစ်ကချိုမြိန်တဲ့
သစ်သီးလားဆိုတာငါမသိခဲ့ပေမဲ့
ငါ့ကို ခါးသက်သက်အမုန်းတွေနဲ့
ချိုမြမြအလွမ်းတွေတော့
ဆက်လက်စားသုံးခွင့်ပြုပါ ဟန်နီ
အ ချစ် က ချို မြိန် တဲ့
သစ် သီး လား ဆို တာ ငါ မ သိ ခဲ့ ပေ မဲ့….
Comment #6
oh,,,,oh,,,
how excellent.
great
Comment #7
really like both title & poem xo muchhhhhhhh
Comment #1
ငါဆိုတဲ့သူက နင့်ကိုမှမလွမ်းရရင်
ကိုယ့် အိပ် မက် တောင် ကိုယ် စိတ် တိုင်း ကျ
မ ဖန် တီး နိုင် တော့ လို့ ပါ..။
အားပေးသွားပါတယ်။နတ်သမီး