နိဗာန်သို့
ကြိတ်ကြိတ်ရယ်တိုး
အင်မတန်တန်ခိုးကြီးပါလေရဲ့
တို့ရွာဘုရားပွဲ
စေတနာရယ်မှန်
အရင်းခံလို့
ဒီအလှူ အောင်မြင်စွာဖြစ်ဖို့ရယ်တဲ့
မျှော်လင့်ကြခါခါရယ်နဲ့
တို့ တစ်ရွာလုံး
ဝိုင်းပံပိုးကြတော့ကွယ်
တို့အလှူ
တို့ နယ် မှာ
ဂုဏ်သတင်းကြီးပေစွ
စီးချက်မြိုင်မြိုင်
အက ရယ်ဆိုင်လို့
တို့ အလှူ မှာဝင်နွဲ တဲ့
ကို ရွှေရိုး နဲ့ မမိုး တို့ရဲ့
ဒိုးကမြိုင်မြိုင်
အချိုင်ကိုလှမ်းရင်ဖြင့်
မိုးထိအောင်အလှူကြီးမို့
မီးခိုးရယ်တိတ်
တရွာလုံးဖိတ်လို့
ထမင်းရည်ချောင်းစီး
မောင်းမတီး ပဲ
အသံချဲ့လို့
တစ်ရွာလုံး လွင့်
ဒိုးသံဆင့်လိုက်ပုံများ
တစ်ရွာလုံးမြိုင်
အလှူမှာ အပျော်ဆုံးမို့
အလှူ ရှင့် စုံတွဲ လဲ
ကကြိုးရယ်စုံ
ဆရာတော် ဘုရားရဲ့
တရားတော် အကျမှာ
သာဓုတော် ခါခါ စလို့
ပျော်ပျော်ရွှင်ရွှင်
နိဂုံးချုပ်တဲ့
နိဗာန် ရည်မျော်မှန်းတဲ့
တစ်ရွာလုံးပျော်တဲ့
တော ရွာ မှ အလှူ…..။
Comment #2
hote de naw.
hta taung ka chin sate paw lar de,,he,,he,,

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပါးးးးးးးးးးး….ဖတ်လိုက်ရတဲ့ချိန်မှာအဲ့ထဲမှာပါစီးမျှောပါသွားတယ်………