ငါ့ရဲ့ ထွန်ကြောင်းနဲ့ စိန်ခေါ်ပွဲ
၁
ငါက.အမှောင်ညမှာ.မီးမရှိပဲ
မောင်းရတဲ့ ကား
ငါက..ကျရာဇာတ်ရုပ်ကိုဖြစ်သလိုချက်ပြုတ်ပြီး
ကန်သွင်းနေရတဲ့ တိုက်စစ်
ခြေမတွေ.ရထားလမ်းဖြစ်လို့ 
လက်မတွေကြား.၀ဲဖြတ်မောင်းတာတောင်
ကမ်းနဲ့ ဝေးပြီးမိုးကမလုံသေးဘူး
အမှား.အမှန်နဲ့ ရောသုပ်ပြီး
လိမ်ကျစ်ထားတဲ့ .ဟေ့..လောက
ဒီမှာ
ငါ..ခေါင်းတိုက်ပြီး.မော့သောက်ပြအုံးမယ်
၂
ငါက…ခွေးအ..တစ်ကောင်လို.လျှာ.တစ်လစ်နဲ့ 
ငါ့..ဘီးနှစ်ဖက်ကို.သံပါက်ပေးပြီး.ဘ၀ကို
ရေးခြစ်နေရတဲ့ ..ငှတ်
ငါက..ငါ့ခန္ဓာကို.နှာဖားကြိုးတပ်လို့ 
ထွန်ယတ်နေရပြီး
မြူးဇစ်.မလှသေးတဲ့ ..ခရု
ဆံပင်တွေ..ဓာတ်ကြိုးဖြစ်
မျက်လုံးတွေ.အ၀ိစီရောက်တာတောင်
ဘူတာ.နဲ့ ဝေးပြီး..ခရီးကရှည်တုန်း
အနု.အကြမ်း.ကစားကွတ်နဲ့ 
ယိမ်းနွဲ့ နေတဲ့ …ဟေ့…လောက
ဒီမှာ
ငါ.ဧည့်ခံပြီး.သီချင်းဆိုလို့ 
ခုတ်ထစ်ပြအုံးမယ်
၃
ငါ.ခြင်္သေ့လို
ငါ.ဧရာဝတီလို
ငါ.ဒုံပျံလို
ငါ..စပိတ်တစ်ဖဲ.လို
ဒီပွဲ.ဖလားရအောင်
ငါ..ဒေါင်းပြမယ်…အို..လောက…။။
ရှင်းလင်းချက်.
.အပြေးအလွှားဂက်စ်မီးခြစ်နဲ့ အလင်းရတာလေး
လှီးဖြတ်ပြီး.ထိန်းကြောင်းရတာဆိုတော့
ချပြတာလေးက..ကမ္ဘာ့အပြင်ဘက်
ကာလာ..မ၀င့်တစ်ဝင်.အရာမထင်ခဲ့ရင်
အနူအညွတ်တောင်းပန်ပါတယ်လို့ လေးစားစွာ..
တောင်းပန်ပါရစေ……….။။။
21.8.11..တနင်္လာနေ့ ..33း0
Comment #4
ကဗျာကောင်းလေးတစ်ပုဒ်ပါပဲဗျာ
အားပေးနေပါတယ်။
Comment #1
အောင်မြင်ပါစေဗျာ…
ကဗျာကောင်းလေးတွေမျှော်လင့်နေပါတယ်…
အားပေးလျက်