မက်ခွင့်မရှိပါ
မက်ခွင့်မရှိပါ
လျှပ်တစ်ပြတ် အသဲကွဲသွားတယ်
နေ့စွဲတွေမဲ့လို့ အဓိပ္ပါယ်ကိုဖော်မရဘူး
ရှင်သန်ခြင်းကို မုန်းလိုက်တာ …..
မက်ခွင့်မရှိပါ
ခြေပစ်လက်ပစ် ကျေနပ်ရစ်ခဲ့ရတယ်
ဒါဏ်ရာတွေခူးကျွေးတယ်လေ သူက
မြို့ပြကြီးထဲတော့ ၀င်ခွင့်ပေးပါတယ်
အသဲကွဲမြို့တော်တဲ့
မိုးရွာတယ် လေလဲပါတယ်
အသဲကွဲတယ် မျက်ရည်စို့လို့
မနက်ဖြန်အတွက်ထားသေးတယ်
သူအကုန်စားသွားလေရဲ့
ကျွန်တော့ပိုင်တဲ့ ချစ်ခြင်းတွေ
သူမရှိတဲ့နောက် ပိုင်ဆိုင်သမျှချပြပါဆို
အလွမ်းပဲ ရင်မှာပိုက်ထားမိတယ်
အော် …. မေ့လို့
အိမ်မက်တောင် မက်ခွင့်မရှိခဲ့ပါဘူး …………
Comment #2
har,,,,
bar sine loh le.
koh bar tar ko met tar.
met pop,fri ka le.
bar phyit le,
Comment #3
တစ်ပုဒ်လုံး ကြိုက်၏
Comment #6
ကျွန်တော့ပိုင်တဲ့ ချစ်ခြင်းတွေ
သူမရှိတဲ့နောက် ပိုင်ဆိုင်သမျှချပြပါဆို
အလွမ်းပဲ ရင်မှာပိုက်ထားမိတယ်….
တိမ်တိုက်ရေ…..အားပေးသွားပါတယ်…။
ကဗျာလေးက ကောင်းတယ်ဗျို့..၊ ။
Comment #8
ကေင်းလိုက်တဲ့ကဗျာပါ
Comment #9
ကောင်းတယ်ဗျာ့ အားပေးသွားပါတယ်
Comment #1
သူမရှိတဲ့နောက် ပိုင်ဆိုင်သမျှချပြပါဆို
အလွမ်းပဲ ရင်မှာပိုက်ထားမိတယ်
အော် …. မေ့လို့
အိမ်မက်တောင် မက်ခွင့်မရှိခဲ့ပါဘူး …