မေ့ပလိုက်စမ်းပါကွာ … ( လူဆိုး )
သူငယ်ချင်း မင်းသူ့ကိုလွမ်းနေတာလား
ကော်ဖီခါးခါးတစ်ခွက်သောက်ပြီးတော့ အဆုံးထိပြုံးပြလိုက်စမ်းပါ
ဦးနှောက်နဲ့ နှလုံးသား လွန်ဆွဲနေတဲ့ .. ဒီလိုလောကကြီးထဲမှာ
မင်းနှလုံးသားရဲ့အလိုကျ … တန်ဖိုးထားပြီးချစ်ခဲ့တာတောင်မှ
သူကအရင်စွန့်ခွာသွားရက်မှတော့ … မက်လောက်စရာဘာကျန်သေးလို့လဲကွာ ။
သူကျင်မှ ကိုယ်ကျင်တဲ့ … မင်းဘဝမှာ မင်းသိက္ခာမင်းထိန်းပြီး
မင်းတန်ဘိုးမင်းမြှင့်ရမယ် မဟုတ်လား .. သူငယ်ချင်း
မတော်တဆ မင်းသူ့ကို သတိရမိလို့ .. ရင်ဘတ်တစ်ခြမ်းနာလာခဲ့ရင်တောင်မှ
ဟန်ကိုယ့်ဖို့ .. မာန်သူ့ဖို့လုပ်ပြီးတော့
အလွမ်းဆိုတာ .. မင်းနှလုံးသားတစ်နေရာမှာ
ကိန်းအောင်းလာရင်တောင်မှ
အဲဒီအလွမ်းတွေကို ..
မင်းကိုယ်တိုင် အဆိပ်ခတ်ပြီးသတ်ပလိုက်စမ်းပါ ။
မေ့ပလိုက်စမ်းပါကွာ … သူငယ်ချင်းရာ ။။။။။။ ( For my best friend )
Comment #2
great,,,
for a best fri.

Comment #3
BF အတွက် ကဗျာလေး ကောင်းတယ်ဗျ ဖတ်လို့ ။ အားပေးသွားတယ်ဗျာ ။

Comment #5
thu nge chin hti dar: kyi…
he,,he,,,

Comment #6
လူဆိုးအားပေးသွားပါတယ်။

Comment #7
min hna lone tar a lo kya tan phoe htar p chit ke tar taung hma,,,
nin moh loh loak yet de har,,

Comment #8
အဲဒီအလွမ်းတွေကို ..
မင်းကိုယ်တိုင် အဆိပ်ခတ်ပြီးသတ်ပလိုက်စမ်းပါ ။
မေ့ပလိုက်စမ်းပါကွာ …

Comment #1
ကောင်းတယ်ဗျို့
သေတော့သေရဲဘူးဗျ