ငါ …
အတောင်မဲ့ပျံထွက်ခဲ့တယ်
အရောင်စုံ တိမ်တွေကြား
မိုးထိတောင်ထွဋ်တွေ
ပင်လယ်ပြာတွေ . . .
စာမျက်နှာတွေ တစ်ရွက်ပြီးတစ်ရွက်
တဖျပ်ဖျပ် လန်နေတာကို အလျှင်မီအောင်
လိုက်ဖတ်နေရသလိုပါပဲ
အစွယ်ရှိသူက အစွယ်အားကိုး
ဦးချိုရှိသူက ဦးချိုအားကိုး ဆိုသလို
ငါ့မှာ ဘို့ကောင်းကောင်းရှိတယ်
နှစ်သိမ့်တေးသီဖို့
တစ် ကြိုးတစ်ချောင်းတပ် ဂစ်တာဟောင်းလေး ရှိတယ်
ကောင်းကင်နဲ့ မြေကြီးကြား
အခန်းကျဉ်းလေးထဲ
ပြွတ်သိပ်ထိုး တိုးဝှေ့ နေကြသူချင်း
ဘာတွေများ ကွာခြားလို့လဲကွယ်
ထားတော့
တို့အရွယ်က ကိုယ့်စိတ်မလိုမကျတိုင်း
ခြေစောင့်ငိုနေရမယ့်
ခလေးမှ မဟုတ်တော့တာပဲ
ဒီတော့လဲ
သာတာ နာတာတွေ ဘေးချိတ်ပြီး
ဟိုး အဝေးက
ဆည်းလည်းသံကို နားစွင့်ရင်း . . .
ရင်ထဲက မီးအိမ်ကိုထွန်းညှိ
အစွန်းနှစ်ဖက် မငြိဘဲ
အလယ်အလတ်လမ်းနဲ့
(နဲနဲလေးပဲဖြစ်ဖြစ်) နီးစပ်အောင်
ကြိုးစားပျံသန်းကြည့်ရအောင်လား…။
Comment #1
အင်း ဟုတ်ပါတယ်။ အစွန်း၂ဖက်မငြိအောင် နေဖို့ ကြိုးစားဆဲပါ
အားပေးလျက်
မေသူ