ဥယျဉ်မှုး
ငှက်တစ်ကောင်ကို
အဝေးမသွားအောင်
လှောင်အိမ်ထဲထည့်ထားလို့ရပေမယ့်……..ငါမလုပ်ချင်ဘူး။
ခွေးတစ်ကောင်ကို
မထွက်သွားအောင်
ကြိုးချည်ထားလို့ရပေမယ့်…….ငါမလုပ်ချင်ဘူး။
ငါးလှလှလေးကို
အမြဲကြည့်ရအောင်
ဖန်အိမ်ထဲထည့်ထားလို့ရပေမယ့်…….ငါမလုပ်ချင်ဘူး။
ငါလုပ်နိုင်တာတွေကိုတောင် ငါမလုပ်ချင်ခဲ့တာ
မှန်းရခက်တဲ့ မင်းစိတ်ကိုထိန်းချုပ်ဖို့ဆိုတာ
ငါမလုပ်ချင်ဆုံးထဲက မလုပ်ချင်ဆုံးတစ်ခုပဲ။
ပန်းလေးပွင့်လာတာကိုပျော်နေတဲ့ဥယျာဉ်မှူးဟာ
ပန်းလေးနွမ်းမယ့်အချိန်ကို လွမ်းမောစွာနဲ့ စောင့်နေတယ်……တဲ့။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
wow,,,
so meaningful poem.
u mean…..
u can do everything if u wish pop.
but u didn’t do anything.right?
why?
so kind-hearted & generous?
ofcourse,,
1.i m a mysterious,complex,selfish,childish & cruel girl.
2. i couldn’t be a good gardener in my life.