မြစ်တစ်စင်းရဲ့ ချစ်ခြင်းသီအိုရီ
မခံစားနိုင်သော အရာတွေနဲ့သာဖွဲ့စည်းပြီး
အပြီးသတ်ခြင်းမရှိတဲ့ တိုက်ပွဲတွေမှာ…
သူသေကိုယ်သေ စစ်ခင်းမှုတွေပါတယ်…။
မယာလက်တံတစ်စုံကို သွေးပြီး
သောကမီးတွေ ဆင်ပေးခဲ့တာအတွက်
မနက်ဖြန်တိုင်းမှာ ပေးဆပ်ရလိမ့်မယ်…၊
အဆိပ်ပန်းတွေပဲပွင့်တဲ့ ဒေသမှာ
အချစ်ပန်းပင်တွေ တစ်ဝကြီးပျိုးပစ်လိုက်တယ်..၊
မြစ်တစ်စင်းရဲ့ ရင်ခုန်သံကတော့
လေညင်းလေးတွေကိုမျှော်နေပြန်တော့တယ်.။
ကြောက်စရာကောင်းတဲ့ တွန်ကျူးသံတွေပေါတယ်
တစ်တောဝင်ပြီး တစ်တောထွက်ခဲ့ပေမယ့်…
နေကုန်လို့ အစာမရတဲ့ အခါ…
ရင်နာနာနဲ့ ဗိုက်မှောက်အိပ်ခဲ့တယ်…၊
နောက်ကအတိတ်က ကျန်ခဲ့တာမှန်ပေမယ့်
ကျန်နေတဲ့ အနာဂတ်တွေအတွက်
လက်တွေဆန့်ထားမှရမယ်…။
ဇော်သက်ဦး
Comment #2
နောက်ကအတိတ်က ကျန်ခဲ့တာမှန်ပေမယ့်
ကျန်နေတဲ့ အနာဂတ်တွေအတွက်
လက်တွေဆန့်ထားမှရမယ်…။ စာသားလေး တော်တော်ထိမိတယ်ဗျာ ပညာလည်းပါတယ် ကျွန်တော်တောင် ဒီအပိုဒ်လေးဖတ်ရင်း အားတော်တော်ရှိသွားတယ် ကဗျာဆရာရေ ကျေးဇူးဗျာ ။
Comment #3
နောက်ကအတိတ်က ကျန်ခဲ့တာမှန်ပေမယ့်
ကျန်နေတဲ့ အနာဂတ်တွေအတွက်
လက်တွေဆန့်ထားမှရမယ်…။
အားပေးသွားပါတယ်။
Comment #5
hote de naw,,
arr tin htar ya me.
say hman hman tauk ya me.
hta min hman hman sar ya me.
kyan mar aung ga u sike ya me.
hoe shay hmar pyaw sa yar tway a myar g shi tay de.
Comment #6
တပုဒ်ထက်တပုဒ် ပိုပိုကောင်းလာတယ်ဗျာ
Comment #7
မခံစားနိုင်သော အရာတွေနဲ့သာဖွဲ့စည်းပြီး
အပြီးသတ်ခြင်းမရှိတဲ့ တိုက်ပွဲတွေမှာ…
သူသေကိုယ်သေ စစ်ခင်းမှုတွေပါတယ်…။
မှန်တရ်
Comment #1
နောက်ကအတိတ်က ကျန်ခဲ့တာမှန်ပေမယ့်
ကျန်နေတဲ့ အနာဂတ်တွေအတွက်
လက်တွေဆန့်ထားမှရမယ်…။
ကြိုက်တယ် ဗျာ အဲ စာသားကို