အို ….. ဖြူစင်သောကောင်းကင် (နှောင်ကြိုးသစ်)
အတ္တကိုလှေကားထောင်းရင်း
ငါလိမ့်ကျသွားတာလား
နှင်းပွင့်လေးကို ကိုင်မိတဲ့
မဟူရာလက်ပေါ်
နှင်းပွင့်လေး ငိုနေပြီလား
အရောင်တွေမပြောင်းပါဘူး
မင်းမျက်ရည်တွေကိုသောက်သုံးပြီး
ရင်ထဲမှာ နာကျင်စွာ ဂျက်ထိုးလိုက်မိ
နတ္တိခါနေတဲ့ သလင်းပြင်ထဲမှာ
မင်းခုန်ချဖို့ နေရာကောင်းကောင်းမရှိ
ကာရံမဲ့တဲ့ ဒုက္ခနယ်ပယ်ထဲ
ရှင်သန်ခွင့်ပေးဖို့ သတ္တိမရှိဘူး
ငါက အမှိုက်တစ်စ
မင်းသိမ်းမထားနဲ့ စွန့်ပစ်လိုက်
ငါကောင်းကင်ကို လှမ်းကိုင်ဖို့
အင်အားမရှိတော့
ကြယ်အကြွေလဲ မကောက်ဝံ့
ခုံဖိနပ်စီးပြီး နွံအိုင်ထဲပြေးမိ
မျက်ရည်တွေ ဝေကျလာတဲ့အိုးထဲ
လက် မနှိုက် ကြည့်တော့ဘူး
ငါ့လက်မှာ မျက်ရည်တွေပါလာရင်
တစ်ခြမ်းပဲ့နေတဲ့ နှလုံးသား
အရည်ပျော်သွားလိမ့်မယ်
ငါထောင်မိတဲ့ လှေကားကို
ရိုက်ချိုးလိုက်ပြီ
မင်းမျက်ရည်တွေ
ပြန်သယ်သွားပါ
ငါနောက်ဆုံးအနေနဲ့
အနမ်းလေးတစ်ပွင်တော့
ပေးချင်မိတယ်
Comment #2
အားပေးသွားပါတယ်…ကောင်း၏
By: kyaw at Aug 30, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားပါတယ်။