တေးမဆိုတော့တဲ့ နိုက်တင်ဂေး (နှောင်ကြိုးသစ်)
ငါက ပန်းရံ ဆရာလက်ထဲက
သံတစ်ချောင်းလား…
အရှင်လတ်လတ် ဒိုင်ပို့ခံရတဲ့
ငါးတစ်ကောင်လား…
ရုန်းထွက်လို့မရ
ပြေးထွက်လို့မရအောင်
ချောင်ပိတ်ပြီး ကွေးနေရတာ
အားအင်ကုန်ခမ်းနေပြီ
တောင်းပန်ပါတယ်
မျက်ရည်ထပ်မကျပါနဲ့
မျက်ရည်တွေ ငါ့အတွက်
အကြိမ်ကြိမ် ကျိန်စာဖြစ်နေခဲ့
ငါမြိုချနေမိတာ
အခုတော့ ငါ့နှလုံးသားက
မျက်ရည်တွေနဲ့ မွန်းနေပြီ
မင်းဆင်ထားတဲ့ ကွန်ယက်ထဲက
ရုန်းထွက်ခွင့်ပေးပါတော့..
ဆူးပုံပေါ် ပက်လက်လန်နေတဲ့ငါ့ကို
အပေါ်ကနေတတ်နင်းချင်တာလား..
အဆိပ်ကျွေးပြီး ဝေဒနာခံရတော့မှ
မင်းမျက်ရည်ကျပြတာလား
ဟန်ဆောင်မျက်ရည်တစ်စက်က
မလုံခြုံတဲ့ အမိုးက ယိုကျပြီး
ငါ့ရင်ခွင်ကို ဝင်လာနိုင်တယ်..
ငါနာကျင်မှုတွေမြိုသိပ်ပြီး
မင်းထပ်ပေးမဲ့ကြိုးမိန့်ကို
မင်းရှေ့ ဒူးထောက်ခစားရင်း
ငါစောင့်ကြိုနေမယ်…
Comment #3
read again & cry again.
By: ei lay at Jan 10, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
really nice poem.
be thu ka myat yae kya chin hmar le.
thu a lo lo htwak lo ya tar hma ma hote tar.
khan sar hmu ma shi be ne myat yae ka kya ma lar loh.
d hmar le khan sar chat tway yaw,,myat yae tway yaw,,moon p tay dot me.
a shin lat lat nga te pyi yout nay p.