မသက်ဆိုင်တော့တဲ့ ရင်ခုန်သံ !!
ရင်းနှီးဖူးခဲ့ကြပေမယ့်လည်း
တကယ်ကို သူစိမ်းဖြစ်သွားကြတာပဲကိုး
————————–
မမက်တော့ဘူးလို့ ထင်ထားခဲ့တဲ့ *အိမ်မက်*
တခါတလေ ငါကိုယ်တိုင် ပါဝင်နေခဲ့(မိ)ပြန်နေတယ်။
သတိမရတော့ပါဘူးလို့
ငါ ………ပြောနေပြီးတော့
အတွေးထဲမှာ ပုံရိပ်တွေက ထင်လှပ်နေတယ်။
သတိမရစေတဲ့ စိတ်အစဉ်ကနေ
အတိတ်က အရိပ်တွေကို မြင်ယောင်နေမိသေးတာပဲ
မေ့ဖျောက်ပစ်ဖို့က ဖြစ်နိုင်ပေမယ့်
ဖျောက်ဖျက်ပစ်လိုက်လို့မှ မရနိုင်တာလေ။
မလွမ်းဘူးလို့ပြောနေတဲ့
ငါ့ မျက်ဝန်းမှာလည်း
ဟိုးအရင်လို *မျက်ရည်တွေ စို့ရစ်နေပြန်တယ်*……….
မညာနဲ့လို့ ကြေငြာနေခဲ့တဲ့
ငါကိုယ် ငါတောင်
လိမ်ညာနေခဲ့မိတော့တယ်။
မသက်ဆိုင်တော့တဲ့ ရင်ခုန်သံတွေအတွက်
အေးစက်သွား(စေ)ခဲ့ပေမယ့်လည်း
တခါတရံ ငါကိုယ်တိုင် နွေးထွေး(စေ)ခဲ့ပြန်တယ်။
(၃ဝ-၈-၂ဝ၁၁)
Comment #2
မလွမ်းဘူးလို့ပြောနေတဲ့
ငါ့ မျက်ဝန်းမှာလည်း
ဟိုးအရင်လို *မျက်ရည်တွေ စို့ရစ်နေပြန်တယ်*……….
မညာနဲ့လို့ ကြေငြာနေခဲ့တဲ့
ငါကိုယ် ငါတောင်
လိမ်ညာနေခဲ့မိတော့တယ်။
..
ရင်ဘတ် ထဲ တည့် ကို မှန်တာပဲ
Comment #4
nice poem.
that’s why….we must believe,,,
lying isn’t good.
lie urself feel hurt much more than lie others.
Comment #8
မသက်ဆိုင်တော့တဲ့ ရင်ခုန်သံတွေအတွက်
အေးစက်သွား(စေ)ခဲ့ပေမယ့်လည်း
တခါတရံ ငါကိုယ်တိုင် နွေးထွေး(စေ)ခဲ့ပြန်တယ်။
🙁
Comment #1
မသက်ဆိုင်တော့တဲ့ ရင်ခုန်သံတွေအတွက်
အေးစက်သွား(စေ)ခဲ့ပေမယ့်လည်း
တခါတရံ ငါကိုယ်တိုင် နွေးထွေး(စေ)ခဲ့ပြန်တယ်။
အားပေးသွားပါတယ်။