ချစ်သူနှင့် တယ်လီဖုန်းစကားပြောခြင်း
ချစ်သူနှင့်တယ်လီဖုန်းစကားပြောခြင်း
(၁) ဟဲလို၊
ချစ်သူလား၊ ကိုယ်ပါ၊
ခေါင်းမပါဘူး။
(၂) ထိုသို့ဖြင့်
“ဟဲလို” တစ်လုံးမှအစပြုကာ
သူမနှင့် ကျွန်တော်သည်
“ နင် ဘာလုပ်နေတာလဲ ”
“ ငါ ဖုန်းဆက်တော့ နင်မှ မရှိတာ ”
“ ဘယ်တွေ လျှောက်သွားနေတာလဲ ”
“ မနက်ဖြန်ကျရင် ” “ ခဏနေကျရင် ” အစရှိသဖြင့်
အာဒံနှင့် ဧ၀ပင် လိုက်မမီသော စကားများပြောလျက်
တစ်ခါတစ်ရံ အချစ်အကြောင်းများ၊ အိပ်မက်များ၊
တစ်ခါတစ်ရံ ကျောင်းကိစ္စ၊ စာကိစ္စ၊ ဟိုဟိုဒီဒီများ၊
တစ်ယောက်နှင့်တစ်ယောက် မမြင်ရပဲလည်း
စကားလုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး
စက္ကန့်မှသည် မိနစ်သို့ အချိန်များ လေထဲ၊ စကားထဲ မျောသွားမှ . . .
(၃) ဟဲလို၊ ချစ်သူလား၊
ကိုယ် ဖုန်းချလိုက်တော့မယ်နော်…
“ ဂွပ် ” ။
နရီမင်းထက် (ဆေးတက္ကသိုလ်)
Comment #3
he…he,,,
inn lay,,,
dar pe pop.
bar pyaw ya ong hmar le loh.
aww,,,aww,,
ti p.
ti p.
a yan chit par de loh pyaw ya hmar.
he,,he,,
Comment #4
တစ်မျိုးဆန်းတယ်ဗျအားပေးသွားပါတယ်။
Comment #5
ဟုတ်ကဲ့… အားပေးတဲ့အတွက် ကျေးဇူးပါ။ ပေါ့ပေါ့ပါးပါးလေး ရေးထားတာပါ။
Comment #6
hello
hello
hello
hello
Comment #1
တစ်မျိုးလေးပဲ အားပေးသွားတယ်