သို့  …… မေမေ
မနက် ၈ နာရီလောက်ဆိုရင် မေမေဆိုင်သွားခါနီး လိမ်းနေကျ ပေါင်ဒါအနံ့ လေးမွှေးလာသလိုပဲ…..
မေမေ ပြောနေကျ စကားတွေကိုပြန်ကြားနေမိတယ်….
မေမေ့ပုံစံတွေ….
အို…….အားလုံးကိုပြန်မြင်ယောင်မိသလိုပဲ….
တစ်ခါတစ်လေတော့ လည်း…………
တစ်ယောက်တည်းရုန်းကန်နေရတဲ့ ဘ၀ကြီးကို မုန်းမိတယ်…
မေမေချက်တဲ့ ဟင်းတွေနဲ့ ဝေးနေခဲ့ တာ အခုဆိုရင်….ရာသီခြောက်ခုတောင်ပြောင်းခဲ့ ရောပေါ့ …..
မေမေ သိရဲ့ လား ??
ညတိုင်းမက်တဲ့ အိပ်မက်တွေထဲမှာတော့  သမီး အိမ်ပြန်ဖြစ်တယ်…
အနာဂတ်အကြောင်းကိုတွေးလိုက်ရင် အလိုလိုနေရင်း အသက်ရှုမ၀သလို ရင်ဘတ်ထဲက အောင့် လာတယ်..
သွားနေရင်းအနာဂတ်ကဝေး ……..ဝေး သွားသလိုပဲ ….
လှမ်းနေတဲ့ ခြေလှမ်းတွေက ရောက်ချင်တဲ့ နေရာတ်ခုကိုမရောက်နိုင်တော့ ဘူး…
အခါခါလက်မြှောက် အရှူံးပေးချင်နေတဲ့ စိတ်ဓါတ်တွေ….. ဒရွတ်တိုက်ခြေလှမ်းတွေ……….
ပုစင်းရင်ကွဲတွေအော်ကြတယ်…….
မေမေ ရေ…………
သူတို့ တွေထက်ပိုပြီးကျယ်အောင်ပဲ သမီးအော်ငိုပြစ်လိုက်ချင်တော့တယ်…….
Comment #2
အခု အမြင့် တစ်နေရာကို ရောက်ဖို့ မျှော်မှန်းထားတယ် မဟုတ်လား
ခင်ဗျားတို့ ကျွန်တော်တို့ ဟာ နတ်ဘုရားတွေ မဟုတ်ကျလေတော့
ဖြေးဖြေးချင်းပဲ တက်နိုင်လိမ့် မယ်……
Comment #3
အားလုံးဟာ …………..နေရာလေးတစ်ခုအတွက် ကြိုးစားရုန်းကန်ရင်း……………….
အဲ့ဒီနေရာလေးက စကားလုံးတွေနဲ့ ဖေါ်ပြရရင် တကယ့်ကို ကျဉ်းကျဉ်းလေး………….
ဒါပေမဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ ခံစားချက်တွေနဲ့ ဖေါ်ပြရရင် …………တကယ့်ကို အဆုံးမရှိ………….
Comment #4
ညီမလေး။။။။ ဘ၀ကိုဘယ်တော့မှအနှုတ်ဖက်ကမတွေးနဲ့……..
လူတယောက်မှာ ၃ ကြိမ်ကံကောင်းတယ်တဲ့…… ဒါကြောင့်အချိန်ကိုစောင်ံ့ပါ.
ပြင်ဆင်စရာကိုအဲ့အချိန်တွက်ကို ပြင်ဆင်ထားလိုက်ပါ…………
ကိုယ်တွေမို့ပြောာတာပါညီမလေးရယ်……
Comment #1
nice.