အသိလေးတော့ ပေးပါ
နင် ဘယ်ရောက်နေလဲ
နင် ဘာလုပ်နေလဲ
နင် ဘယ်သွားနေလဲ
နင် သတိရရဲ့လား
နင် သိသေးရဲ့လား
နင့်ကို မတွေ့ရရင်
ငါမနေနိုင်တာ
နင့်ကို မမြင်ရရင်
ငါရူးမတတ်ခံစားရတာ။
ငါသိပါတယ်
နင်အလုပ်အရမ်းရှုပ်တာ
နင့်မှာ အရေးကြီးကိစ္စတွေပေါတာ
ဘယ်လိုပဲဖြစ်ဖြစ်ဟာ
နင်တစ်နေရာကိုသွားမယ်ဆိုလဲ
ငါ့ကိုတော့
တစ်ဆိတ်လောက်တော့
အသိလေးပေးခဲ့ပါ။
နင့်ကို မတွေ့ရရင်
နင်နဲ့ စကားမပြောရရင်
ငါအရမ်းခံစားရလို့ပါဟာ။
Comment #2
ဘယ်လိုပဲဖြစ်ဖြစ်ဟာ
နင်တစ်နေရာကိုသွားမယ်ဆိုလဲ
ငါ့ကိုတော့
တစ်ဆိတ်လောက်တော့
အသိလေးပေးခဲ့ပါ။

Comment #4
hote,,,
sure…
promise…
he,,he,,

Comment #6
a ti lay dot pay par naw. 😛

Comment #8
ei ka dot bar loak loak a ti pay pi hma loak par de shint,
😛

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
hote ke par.
pyaw p hma,,kwint taung p hma loak me naw.
sate cha par.