ပိုးကောင်လေးတကောင်
တဆစ်ဆစ်ကိုက်နေတယ်
ပိုးကောင်လေးတကောင် …
ငါ့ရင်ဘတ်ထဲရောက်နေတယ်
ငါ့အချိန်တွေနဲ့ …
ဦးနှောက်ရဲ့ အကန့်တွေကို ….
တစစီဖျက်
ခပ်နက်နက် ထိုးနှက်လို့ ……
ဒီပိုးကောင်လေးတကောင်ကြောင့်
လူဆိုတာ ဖြစ်လာခဲ့တယ် ….
လူ့ကမ္ဘာပေါ်မှာ …. စစ်ပွဲတွေဖြစ်ခဲ့ဖူးတယ်
ဆင့်ပွား ခံစားချက်တွေ ပေါ်ပေါက်ခဲ့တယ် …
အရမ်းနာမည်ကြီးတဲ့ ပန်းချီကားတွေဖြစ်ခဲ့တယ်
ခံစားနိုင်တဲ့ အနုပညာတွေ ထွန်းကားခဲ့တယ်…..
ပိုးကောင်လေးရယ် ….
မင်းရဲ့ အဆိပ်က ချိုတယ် …
ဒါပေမဲ့ ဖြေဆေးတော့ မရှိဘူး….
တနေ့ … ငါ ဆေးဖော်စပ်နိုင်ခဲ့ရင်
ကမ္ဘာပေါ်က အသည်းကွဲဝေဒနာရှင်တွေကို
မျှဝေခဲ့မယ် …
တနေ့ ငါကာကွယ်ဆေးကိုတွေ့ခဲ့ရင်
ကမ္ဘာပေါ်က မချစ်တတ်သေးသူတွေကို
ကာကွယ်ခဲ့မယ်….
သြော် ….
လူတိုင်းအချစ်နဲ့တွေ့၇င် ….
ခံစားချက်တွေ ပေါက်ကွဲထွက်တာ …
အချစ်ရဲ့ ဖော်မြူလာတခုလား ………………….
ကဗျာချို
Comment #2
ပိုးကောင်လေးတစ်ကောင်….
Comment #3
excellent.
excellent.
excellent.
dar kyaunt,,,tan phoe lay htar pay par.
Comment #1
အဲ့ဒီဆေးကိုစောင့်နေမယ်..ဖော်စပ်လို့ရရင်အရင်ဦးဆုံးပို့ပေးပါနော်…
😛