ကူးတို့မောင်..။
ကူးတို့မောင်..။
မြစ်အလည်…..
ငှက်သမ္မာန် လူ သယ်ကာပို့
အမှောင်“ထယ် “ (လမ်း) ရောင် မမဲ့ပါဘူး……
ရေဖျားမှာ လှော်တက် “ဆ” လို့
စုန်…ဆန် ကိုကူး ၊
လူးလွန့်ပါ့ ငါ့ ၀မ်းဧရာ…
ငွေလှိုင်း သယ်ရာ အားကန်လို့ “ထူး”
လေကပါ ဆင့်ကယ်လို့ မြူး တယ်
ရွှေဘ၀င် ရင်သိမ့် တုန်လို့
မူးပါ့ မျက်ဦး…..။
လင်းကြက်တွန် ကျီးမနိုး ခင်မှ
တစ်နေ့တာ လှော်ကာ ကူးပါ သည့်
ညစလို့ “တရော” ချီ
သြော်…..၀မ်းသမုဒ္ဒယာ ပြည့်တင်းရွယ်လို့
နားပါဘူး ကွယ့် ဒီမောင်ငယ်…(ရသမျှ)
အိုကွယ်…..တက်ကိုင် မြူးတယ်..(မယ်)
အသက်ကို ဖက်ကိုင်ထုပ်ရယ်နဲ့….
ဟိုကမ်း…ဒီကူး……။ ။
ကကြီး။[email protected](26.8.11)1;00pm
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လင်းကြက်တွန် ကျီးမနိုး ခင်မှ
တစ်နေ့တာ လှော်ကာ ကူးပါ သည့်
ညစလို့ “တရော” ချီ
သြော်…..၀မ်းသမုဒ္ဒယာ ပြည့်တင်းရွယ်လို့
နားပါဘူး ကွယ့် ဒီမောင်ငယ်…(ရသမျှ)
အိုကွယ်…..တက်ကိုင် မြူးတယ်..(မယ်)
အသက်ကို ဖက်ကိုင်ထုပ်ရယ်နဲ့….
ဟိုကမ်း…ဒီကူး……။ ။