ဝေဒနာခါးခါး
အချစ်
လွန်ခဲ့သော (၇)နှစ်ကပေါ့
အချစ်နှင့်ပတ်သက်ပြီး
သူရဲကောင်းကြီး လုပ်ခဲ့ဖူးတယ်
အဲဒီအချစ်က
ငါ့ကိုပြန်သတ်သွားတယ်
ငါအခု ခံစားချက်မဲ့တဲ့သူတစ်ယောက်အဖြစ်နဲ့
ရှင်သန်နေရတယ်
ယခု
အချစ်ဆိုတဲ့ စကားကိုကြားရင်
ငါ့ရင်ထဲက အိမ်မက်ဆိုးတွေ
ပြန်နိုးထလာတတ်လို့
အချစ်ဆိုတာကို
ငါရှောင်ပုန်းခဲ့တယ်
အချစ်ဆိုတာကို
ငါကြောက်တယ်
အချစ်နဲ့ပတ်သက်ရင်
ငါ့မှာ ယုံကြည်မှုမရှိတော့ဘူး
ကောင်လေး
ငါဟာ အချစ်နဲ့ပတ်သက်ပြီး
သေလုမျောပါဒဏ်ရာရထားခဲ့ဘူးတဲ့
သူတစ်ယောက်မို့
ငါပုန်းနိုင်သလောက်
ရှောင်ပုန်းပါရစေ ..
အချစ်ဆိုတာကို
ငါကြောက်လို့ပါကွာ………..
Comment #3
ကဗျာကောင်းလေးတစ်ပုဒ်ပါ အားပေးသွားပါတယ်။

Comment #4
shaung pone tar so ei lay par bu,,
he,,he,,
ma loak tat loh.
paw tin g pe loak tar

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားပါတယ်……