တစ္ဆေ
လှုပ်လေမြုပ်လေ…တဲ့
အဆင်များမပြေချင်တော့
တည့်နေတဲ့ ခွင်တောင်
ပါစင်အောင်လွဲ
အံကြိတ်လို့ခဲတော့လည်း
သဲထဲရေသွန်
ကျောက်သားကို ထွန်ယက်သလို
ချွေးစက်တွေအိုင်ထွန်းလို့
နေလောင်ကျောပွန်းရုံပဲ….
“သောကမြစ်ရိုး လှေထိုးပြီးလိုက်မိသလား”
စိတ်ခါးခါးနဲ့ရေရွတ်ဆဲ
ငါနဲ့ချွတ်စွတ်တူတဲ့တယောက်
ငါ့ရှေ့မှောက်မှာပေါ်လာ
မညှာမတာ ထေ့ ပြုံးနဲ့
ငါ့အရှုံးတွေကိုလှောင်ပြီး
အမှောင်ထဲ ပျောက်………..
ငါ………
ငါ…………
ငါ…………
ကြောက်လိုက်တာ………..။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
nice,