Professional Authors

ကမ်းခြေမျှောဆည်းဆာ

 

ကမ်းခြေမျှောဆည်းဆာ

 

အဝေးပြေး နေ့တစ်နေ့ ဆည်းဆာ ညနေပုံ

ဒီပေါ် ငှက်တွေ အမောမမြင် အိပ်တန်းပြန်နေကြ

 

ဆည်းဆာဟာ ကမ်းခြေပေါ် ၀ဲပျံလိုက်တော့

နေ့တစ်နေ့ ဖြစ်ပျက်ခြင်းကို ခပ်မှိန်မှိန်တွေ့သွား

ဒီပေါ်မှာလည်း ငှက်တွေ အမောမြင် အိပ်တန်းပြန်နေကြ

 

အို … ဆည်းဆာ

ဘာကို ဖျက်သိမ်းဖို့ပါလဲ

သဲသဲကွဲကွဲ ဖြစ်ပျက်နေမှုတွေမှာ

ဆည်းဆာဟာ အသင့်စောင့်လို့

 

ဆည်းဆာရဲ့ အခင်းအကျင်းထဲ

လတ်လတ်ဆတ်ဆတ် ဖြစ်သန်းဆဲ ငါ

ငါက ဆည်းဆာအပေါ် မေးတင်တယ် ဇွတ်

ဆည်းဆာကလည်း ကမ်းခြေပေါ် မေးတင်တယ် ဇွတ်

ကမ်းခြေညွတ်သွားခဲ့သလားတောင် မသိဘူး။

 

နောက်ဆုံးတော့လေ

ကမ်းခြေဟာ ရေစီးနောက်

နောက်ယောင်ခံ လိုက်သွားတော့တယ်။

 

ကလင့်(မန္တလေး)

အဇ္ဈတ္တအယ်လဘမ် ကဗျာစာအုပ်ပေါင်းချုပ်မှထုတ်နုတ်သည်

 

 

In: ကဗျာ Posted By: Date: Sep 2, 2011
Comment #1

အားပေးသွားပါတယ်…….

commentinfo By: May Kha at Sep 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment