စီးချင်ရာစီးတဲ့ စိတ်ကူးမြစ်
ဘ၀မှာ တပ်ခေါက်ပြီး မပြန်ခဲ့ချင်ဖူး
ဆောက်တည်ရာမရတဲ့ ရက်စွဲတွေကြားမှာ
ရင်ထဲက ခံစားချက်တွေက
အိပ်မက်ထဲက ကမ်းပါးကို
အကြိမ်ကြိမ်လဲဖြို………..။ ။
ဆိုးဝါးတဲ့ အကြောင်းတွေက
မျှော်လင့်ချက်တာရိုးကို အကြိမ်ကြိမ်
ကျိုးစေခဲ့………..။ ။
အနာဂတ်မှာ မုန်တိုင်းရှိမရှိ
ငါ့အာရုံက မသိနိုင်ပေမဲ့
လက်ရှိမှာ အထပ်ထပ်ညှိုမရတဲ့
လောကနီတိတွေရှိရဲ့………..။ ။
မောဟကို အဖော်ညှိုရင်း
ဘုရားမကြိုက်တဲ့ ကစော်တွေနဲ့
ဟားတိုက်လည်း မရယ်မောနိုင်ခဲ့ဖူး………..။ ။
ကံကြမ္မာမှာ ဇာတာစန်းလဂ်တွေ
အကြိမ်ကြိမ်လင်းလက်အောင်
အပတ်ရေမပြည့်သေးတဲ့ ပုတီးတွေကို
ငါ့လက်က ဟီးလေးခို
ငိုတယ်ဆိုတာ မဆန်းလား………..။ ။
စစ်အေးငြိမ်း
့
Comment #3
အနာဂတ်မှာ မုန်တိုင်းရှိမရှိ
ငါ့အာရုံက မသိနိုင်ပေမဲ့
လက်ရှိမှာ အထပ်ထပ်ညှိုမရတဲ့
လောကနီတိတွေရှိရဲ့………..။
Comment #4
ဆိုးဝါးတဲ့ အကြောင်းတွေက
မျှော်လင့်ချက်တာရိုးကို အကြိမ်ကြိမ်
ကျိုးစေခဲ့………..။ ။
အားပေးသွားပါတယ်။
Comment #6
ကောင်းတယ်ညီမလေး..
အားပေးသွားတယ်နော်
Comment #1
အားပေးသွားပါသည်