ပြန်နီးစပ်ဖို့ ….
ကုန်လွန်သွားတဲ့ တစ်နှစ်က
တို့နှစ်ဦး ပိုနီးစပ်ဖို့ ဖြစ်တယ်။
စမှတ် ရှိရင် ဆုံးမှတ်လည်း ရှိစမြဲ
ဝေးကွာခြင်းက အလွမ်းကို ပိုနက်စေတယ်။
သတိရခြင်းက မမေ့သေးတာပဲ ဖြစ်မယ်
သေချာတာကတော့ မှတ်မိနေခြင်းက စတယ်။
အမှတ်တမဲ့ကို အမှတ်ရနေခြင်းကလည်း
အံ့သြစရာ ကောင်းတယ်။
ရက်စွဲ အသိတကျ အသဲကွဲနေ့များ
အမှတ်တရ နေ့များ မှတ်တမ်းထားတာရှိတယ်။
မှတ်မှတ်ရရ အဲ့ဒီနေ့မျိုးကို
ပြန်လွမ်းတယ်။
အမှတ်တမဲ့ ဆုံတွေ့မှုက
ကုန်လွန်သွားတဲ့ အချိန်ကို
ပြန်နှမြောစေတယ်။
မနက် နေထွက်ခြင်းက
ည နေ၀င်ဖို့အတွက် ဖြစ်တယ်။
ဝေးကွာနေခြင်းက ခိုင်မာတဲ့ အချစ်တစ်ခုဖြစ်ဖို့အတွက်
အကျိုးသက်ရောက်မှုရှိတယ်။
ကုန်လွန်သွားတဲ့ အချိန်တွေက
တို့နှစ်ဦး နီးစပ်ဖို့အတွက် ဆိုရင်
ကုန်လွန်သွားတဲ့ အချိန်ကို
ပြန်နှမြောဘူး ဂရုစိုက်နေတော့ဘူး။
အဓိက….
တို့နှစ်ဦး နီးစပ်ဖို့ပဲ
နောက်ဆုံး….
ပြန်ဆုံရင် ပြီးတာပဲ ။
Comment #3
အဓိက….
တို့နှစ်ဦး နီးစပ်ဖို့ပဲ
နောက်ဆုံး….
ပြန်ဆုံရင် ပြီးတာပဲ ။ ( That’s right )
Comment #4
har…/
lone wa mike de…/
i agree with u…/
kone lun twar ke de a chain tway ka doe hna u nee phoe a twat ta tar tway sauk nay tar.
nout sone a nay ne yan thu tway ma win naing aung ta tine tway ne kar phoe kyoe sar nay de,
a di ka doe hna u ne sat phoe pe.
he,,he,,
Comment #5
ဒါပဲ..အရေးကြီးတယ်လေ…
အားပေးသွားပါတယ်။
Comment #6
ဝေးကွာနေခြင်းက ခိုင်မာတဲ့ အချစ်တစ်ခုဖြစ်ဖို့အတွက်
အကျိုးသက်ရောက်မှုရှိတယ်။
ကုန်လွန်သွားတဲ့ အချိန်တွေက
တို့နှစ်ဦး နီးစပ်ဖို့အတွက် ဆိုရင်
ကုန်လွန်သွားတဲ့ အချိန်ကို
ပြန်နှမြောဘူး ဂရုစိုက်နေတော့ဘူး။
Comment #1
ဝေးကွာနေခြင်းက ခိုင်မာတဲ့ အချစ်တစ်ခုဖြစ်ဖို့အတွက်
အကျိုးသက်ရောက်မှုရှိတယ်။
ကုန်လွန်သွားတဲ့ အချိန်တွေက
တို့နှစ်ဦး နီးစပ်ဖို့အတွက် ဆိုရင်
ကုန်လွန်သွားတဲ့ အချိန်ကို
ပြန်နှမြောဘူး ဂရုစိုက်နေတော့ဘူး။
အဓိက….
တို့နှစ်ဦး နီးစပ်ဖို့ပဲ
နောက်ဆုံး….
ပြန်ဆုံရင် ပြီးတာပဲ ။
Nice poem……!!!!